ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ်တို့ လာရောက်တွေ့ဆုံ

နိုဝင်ဘာလ ၂၉ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel-
General Kim Alexey Rostislavovich တို့ နေပြည်တော် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့ကြပါတယ်။
နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ အပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့်
နည်းပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊
အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊
ရုရှားနိုင်ငံသို့ မြန်မာ့တပ်မတော်သား ပညာတော်သင်များ စေလွှတ်လျက်ရှိသည့် အခြေအနေများ၊
တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်မည့် အခြေအနေများ၊
ရုရှားနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ယဉ်ကျေးမှုပြိုင်ပွဲနှင့် တပ်မတော်အားကစား ပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ
ပါဝင်ယှဉ်ပြိုင်ခဲ့မှုနှင့် အပြန်အလှန် ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊
နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် မဟာဗျူဟာမြောက်
ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊
ယနေ့ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နိုင်ငံတိုင်းက အလေးထားဆောင်ရွက်လျက်ရှိမှုနှင့်
မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုသည်
ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည့် အခြေအနေများကို
ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။