အကြမ်းဖက်PDFများ ရမ်းသမ်းပစ်ခတ်မှုကြောင့်အပြစ်မဲ့အရပ်သား အမျိုးသမီး(၇)ဦး ထိခိုက်ဒဏ်ရာရရှိ

နိုဝင်ဘာလ ၂၉ ရက် ညနေ ၄ နာရီတွင် အင်းတော်မြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက် မြို့မရဲစခန်းအား PDF အကြမ်းဖက် သမားများက ရဲစခန်း၏ မြောက်ဘက် ၄ ဖာလုံခန့်အကွာ ဗန်းမောက်လမ်းဆုံမှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ PDF အကြမ်းဖက်သမားများသည် သက္ကယ်ကျင်း ကျေးရွာဘက်ထွက်ပြေးသွားခဲ့ပါတယ်။

၎င်းတို့၏ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲကာ အပြစ်မဲ့အရပ်သားပြည်သူများ

-ဒေါ်စိန်ရင် (၅၀)နှစ်၊

-ဒေါ်မိုးဥမ္မာကျော် (၄၇)နှစ်၊

-ဒေါ်သဲကော(၃၂)နှစ်၊ ဒေါ်ဝါဝါခိုင်(၅၁)နှစ်၊

-ဒေါ်မိမိငယ်(ခ)မငယ်(၄၃)နှစ်၊

-ဒေါ်ခင်ထွေးစိန် (၃၇)နှစ် နှင့်

-ဒေါ်ကေသွယ်ဝင်း (၄၆)နှစ်တို့ ၇ ဦးတို့တွင် မစိုးရိမ်ရ ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့်

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးဝါးကုသမှုများ‌ ဆောင်ရွက်ပေးခဲ့ပြီး ၎င်းတို့အားဖမ်းဆီးရမိနိုင်ရေးဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။