မြောင်မြို့နယ်၊ နဘတ်ကျေးရွာအနီးတွင် PDF အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက် ညနေ ၃ နာရီခန့်တွင် မြောင်မြို့နယ် နဘတ်ကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များက အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိရာ PDF အကြမ်းဖက်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
လုံခြုံရေးအဖွဲ့များသည် အများပြည်သူများအား လိုက်လံသတ်ဖြတ်လျက်ရှိသော PDF အကြမ်းဖက်များအားတိုက်ခိုက်ခဲ့ရာ ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပြီး အကြမ်းဖက်သမားများထံမှ–

  • PDF အလောင်း—–၁ လောင်း
  • ၁၂ ဗိုသေနတ် ——၁ လက်
  • လက်လုပ်သေနတ်– ၃ လက်
  • ကျည်ဆံ ———–၁၂ တောင့်
  • ဒီတိုနေတာ ၇ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။