လက်နက်ခဲယမ်းကို နိုင်ငံခြားမှ တရားဝင်တင်သွင်းရောင်းချခြင်း လုပ်လိုပါက ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောတူညီမှုရရှိရန် လိုအပ်

လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသော လက်နက်ခဲယမ်းများကို နိုင်ငံခြားမှ တရားဝင် တင်သွင်းရောင်းချခြင်းလုပ်လိုပါက ကာ ကွယ်ရေးဝန်ကြီးဌာန၏ သဘောတူညီမှု ရရှိရန်လိုအပ် ကြောင်း သတင်းရရှိသည်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက် ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့်ပတ်သက်၍ အမိန့်ကြော်ငြာစာထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ယခင် ပြည်ထဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံခြားသို့ရောက်ရှိနေသူများသည် မြန်မာနိုင်ငံသို့ အပြန်တွင် နိုင်ငံခြားမှ လက်နက်နှင့်ခဲယမ်းများ ဝယ်ယူလာခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားသည်။

အဆိုပါ ပိတ်ပင်တားမြစ်ချက်နှင့်ပတ်သက်၍ နောက်ထပ်ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုမီအချိန်အတွင်း ၎င်းမှာ ဆက်လက်အတည်ဖြစ်ကြောင်း ယခုအမိန့်ကြော်ငြာစာထုတ်ပြန်သည့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူတွင် ဖော်ပြထားသည်။

သို့သော် နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာလုပ်ငန်းများနှင့် နိုင်ငံတော်၏ခွင့်ပြုချက်အရ နိုင်ငံခြားတိုင်းပြည်များ၌ ပါ ဝင်ယှဉ်ပြိုင်ရသည့် သေနတ်ပစ်အသင်းအဖွဲ့များအတွက် လက်နက်နှင့်ခဲယမ်းများကို နိုင်ငံခြားမှတင်သွင်းရန် လိုအပ်ပါက ယင်းသို့လိုအပ်ကြောင်း အကျိုးအကြောင်းဖော်ပြကာ ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဟု ဖော်ပြထားသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနက လိုအပ်သည့် စိစစ်မှုများ ပြုလုပ်၍ နိုင်ငံခြားမှ လက်နက်နှင့်ခဲယမ်းများ ဝယ်ယူတင်သွင်းခွင့်ပါမစ် ထုတ်ပေးမည်ဖြစ်ကြောင်း လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူတွင် သတ်မှတ်ဖော်ပြထားသည်။

ထို့ပြင် လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့် လက်နက်ခဲယမ်းများကို နိုင်ငံခြားမှ တရားဝင်တင်သွင်းခြင်း၊ ပြည်တွင်း၌ တရားဝင်ရောင်းချခြင်းပြုလုပ်လိုပါက ကာကွယ်ရေးဝန်ကြီး ဌာန၏ သဘောတူညီချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ခွင့်ရှိကြောင်းလည်း လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူအမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

ဆုံလည်သေနတ်၊ ပစ္စတိုသေနတ်၊ ၁၂ ဘိုးနှင့် ၎င်းထက်ပြောင်းဝငယ်သော ပြောင်းချောသေနတ်၊ အမဲလိုက်သေနတ်တို့ကို လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်များအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် လူတစ်ဦးလျှင် သေနတ်(၃)လက်အထိ အကျိုးအကြောင်းဖော်ပြကာ ကိုင်ဆောင်ခွင့်လျှောက်ထားနိုင် ကြောင်း လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

ZAWGYI

လိုင္စင္ျဖင့္ ကိုင္ေဆာင္ခြင့္ျပဳေသာ လက္နက္ခဲယမ္းမ်ားကို ႏိုင္ငံျခားမွ တရားဝင္ တင္သြင္းေရာင္းခ်ျခင္းလုပ္လိုပါက ကာ ကြယ္ေရးဝန္ႀကီးဌာန၏ သေဘာတူညီမႈ ရရွိရန္လိုအပ္ ေၾကာင္း သတင္းရရွိသည္။

၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီ ၃၁ ရက္ ရက္စြဲျဖင့္ ျပည္ထဲေရးဝန္ႀကီးဌာနမွ လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္မူႏွင့္ပတ္သက္၍ အမိန႔္ေၾကာ္ျငာစာထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ထည့္သြင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ယခင္ ျပည္ထဲေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ႏိုင္ငံျခားသို႔ေရာက္ရွိေနသူမ်ားသည္ ျမန္မာႏိုင္ငံသို႔ အျပန္တြင္ ႏိုင္ငံျခားမွ လက္နက္ႏွင့္ခဲယမ္းမ်ား ဝယ္ယူလာျခင္းမျပဳရန္ ပိတ္ပင္တားျမစ္ထားသည္။

အဆိုပါ ပိတ္ပင္တားျမစ္ခ်က္ႏွင့္ပတ္သက္၍ ေနာက္ထပ္ၫႊန္ၾကားခ်က္တစ္စုံတစ္ရာ ထုတ္ျပန္ျခင္းမျပဳမီအခ်ိန္အတြင္း ၎မွာ ဆက္လက္အတည္ျဖစ္ေၾကာင္း ယခုအမိန႔္ေၾကာ္ျငာစာထုတ္ျပန္သည့္ လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္မူတြင္ ေဖာ္ျပထားသည္။

သို႔ေသာ္ ႏိုင္ငံေတာ္၏ ဝန္ထမ္းအဖြဲ႕အစည္းဆိုင္ရာလုပ္ငန္းမ်ားႏွင့္ ႏိုင္ငံေတာ္၏ခြင့္ျပဳခ်က္အရ ႏိုင္ငံျခားတိုင္းျပည္မ်ား၌ ပါ ဝင္ယွဥ္ၿပိဳင္ရသည့္ ေသနတ္ပစ္အသင္းအဖြဲ႕မ်ားအတြက္ လက္နက္ႏွင့္ခဲယမ္းမ်ားကို ႏိုင္ငံျခားမွတင္သြင္းရန္ လိုအပ္ပါက ယင္းသို႔လိုအပ္ေၾကာင္း အက်ိဳးအေၾကာင္းေဖာ္ျပကာ ကာကြယ္ေရးဝန္ႀကီးဌာန၏ သေဘာတူညီခ်က္ျဖင့္ ျပည္ထဲေရးဝန္ႀကီးဌာနသို႔ ေလွ်ာက္ထားရမည္ဟု ေဖာ္ျပထားသည္။

ထို႔ေနာက္ ျပည္ထဲေရးဝန္ႀကီးဌာနက လိုအပ္သည့္ စိစစ္မႈမ်ား ျပဳလုပ္၍ ႏိုင္ငံျခားမွ လက္နက္ႏွင့္ခဲယမ္းမ်ား ဝယ္ယူတင္သြင္းခြင့္ပါမစ္ ထုတ္ေပးမည္ျဖစ္ေၾကာင္း လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္မူတြင္ သတ္မွတ္ေဖာ္ျပထားသည္။

ထို႔ျပင္ လိုင္စင္ျဖင့္ ကိုင္ေဆာင္ခြင့္ျပဳသည့္ လက္နက္ခဲယမ္းမ်ားကို ႏိုင္ငံျခားမွ တရားဝင္တင္သြင္းျခင္း၊ ျပည္တြင္း၌ တရားဝင္ေရာင္းခ်ျခင္းျပဳလုပ္လိုပါက ကာကြယ္ေရးဝန္ႀကီး ဌာန၏ သေဘာတူညီခ်က္ျဖင့္ ျပည္ထဲေရးဝန္ႀကီးဌာနက ေဆာင္႐ြက္ခြင့္ရွိေၾကာင္းလည္း လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္မူအမိန႔္ေၾကာ္ျငာစာတြင္ ေဖာ္ျပထားသည္။

ဆုံလည္ေသနတ္၊ ပစၥတိုေသနတ္၊ ၁၂ ဘိုးႏွင့္ ၎ထက္ေျပာင္းဝငယ္ေသာ ေျပာင္းေခ်ာေသနတ္၊ အမဲလိုက္ေသနတ္တို႔ကို လိုင္စင္ျဖင့္ ကိုင္ေဆာင္ခြင့္ျပဳသည့္ ေသနတ္မ်ားအျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။

ထို႔ျပင္ လူတစ္ဦးလွ်င္ ေသနတ္(၃)လက္အထိ အက်ိဳးအေၾကာင္းေဖာ္ျပကာ ကိုင္ေဆာင္ခြင့္ေလွ်ာက္ထားႏိုင္ ေၾကာင္း လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္မူ အမိန႔္ေၾကာ္ျငာစာတြင္ ေဖာ္ျပထားသည္။