ကုသိုလ်တရားနဲ့ပျော်မွေ့အောင်နေ

ကုသိုလ်ကောင်းမူ ပြုလုပ်ပြီး တောင်းဆုခြွေရမယ်တဲ့..

ဘယ့်သူ့ကို အကြောင်းပြု ဟောကြားသလဲဆိုရင်..
မြတ်စွာဘုရားရှင် ရဲ့ လက်ယာရံ ပညာဓိက ခေမာထေရီ
ကမ္ဘာတသိန်း အထက် ကုသိုလ်လုပ်ပြီး သူဖြစ်ချင်ခဲ့တာ ဆုတောင်းခဲ့တယ်..

မိမိတို့လည်း သံသရာထဲ လည်နေအုံးမယ်ဆို

ဒီလိုလေး litmitရှိတဲ့ ဘဝတွေရအောင် လုပ်သင့်တယ်ပေါ့..

ဗရမ်းပတာ သံသရာထဲ နှိမ့်ချီမြင့်ချီ လည်နေမဲ့အစား
လိုချင်တဲ့ ဆုတောင်းပြီး ကုသိုလ်ပါရမီ ဖြည့်ကျင့်သင့်တယ်ပေါ့..

ဘုရားရှင်လက်ထက်က ကျွတ်တမ်းဝင်သူတွေဟာ ကမ္ဘာတစ်သိန်းအထက်က ကုသိုလ်အရှိန်ကြောင့်
အပါယ်တစ်ခါမှ မရောက်ကြဘူးတဲ့..

လူပဲဖြစ်ဖြစ်..နတ်ပဲဖြစ်ဖြစ် ပြည့်စုံတဲ့ ဘဝတွေပဲနေရတယ်တဲ့..

အဲ့လိုလည်း ရှိနိုင်လားဆို ရှိနိုင်တာပဲ..

ခုဘဝမှာ ကုသိုလ် တရားပျော်မွေ့သူဟာ
အတိတ်ဘဝက ကုသိုလ်တရားလုပ်ခဲ့လိုပဲ..
ကုသိုလ်ကောင်းမှုသည် အားကိုးထိုက်တယ်..
နှစ်ဟောင်းတွေ အလီလီပြောင်းနေပေမဲ့
မိမိတို့ရဲ့ အသိဉာဏ်တွေ၊ ရင့်ကျက်မူတွေ
မတိုးတက်လာသေးဘူးဆိုရင်

ရှုံးတယ်လို့ ဆိုရမယ်…

တို့တတွေ 2022က စပြီး
အရင်နှစ်တွေထက် ကုသိုလ်တရားတွေ ပျော်မွေ့တတ်အောင် နေကြရမယ်..

ဘဝဒုက္ခ ခန္ဓာ့ ဒုက္ခမှ ကိုယ်စီ ကိုယ်စီ လွတ်မြောက်ရာ ရုန်းထွက်နိုင်ကြပါစေ.

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏