ကသာမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေသူများအား ဖမ်းဆီးရမိ

ကသာမြို့၊ အမှတ်(၆)ရပ်ကွက်တွင် မူးယစ်ဆေးဝါးများ သုံးစွဲရောင်းစွဲရောင်းချနေကြောင်း လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှာဖွေခဲ့ရာ ဟိန်းမင်းဦး ၏ အား လှကြိုင်နှင့် အတူ နေအိမ်တွင် အသင့်တွေ့ရှိခဲ့ပြီး ၎င်းအိတ်ခန်းဝင်ပေါက်တိုင်၌ ချိတ်ထားသော ဘေးလွယ်အိတ်အတွင်းမှ တံဆိပ်မပါ စိတ်ကြွမူးယစ်ဆေးဝါး အပြာရောင် ကပ်ခွာအိတ် ၁ အိတ်လျှင် ၂၀၀ ပြားစီပါ ၅ ထုပ်၊ ပေါင်း ၁၀၀၀ ပြား၊ 88 တံဆိပ်ပါ အသားရောင်မှိုင်းခံစက္ကူဖြင့် ထုတ်ပိုးလျက် တံဆိပ်မပါ စိတ်ကြွမူးယစ်ဆေးဝါး ၁၇ ပြား၊ အမဲရောင် သားရေပိုက်ဆံအိတ် အတွင်းထည့်ထားသော ကမ္ဘာလုံးရွက်လှေတံဆိပ်ပါ အပြာရောင်ကပ်ခွာ ဖြင့် ထည့်ထားသည့် တံဆိပ်မပါ စိတ်ကြွမူးယစ်ဆေးဝါး ၇၀ ပြား၊ စုစုပေါင်း ဆေးပြား ၁၀၈၇ ပြား တိုနှင့်အတူ ၎င်းတရားခံ ၂ ဦးတို့အား သိမ်းဆည်းဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။