မင်္ဂလာရှိသောနံနက်ခင်းလေးပါ

လွယ်လွယ်ရတာပဲဖြစ်ဖြစ်
ခက်ခက်ခဲခဲရတာပဲဖြစ်ဖြစ်

တန်ဖိုးထားတတ်တဲ့သူမှန်ရင်
မြတ်နိုးတတ်ကြပါတယ် ။

လွယ်လွယ်ရလို့တန်ဖိုးမထား
စော်ကားတတ်တဲ့သူဟာ

သူတစ်ပါးရဲ့
အလေးထားဂရုစိုက်မှုတွေကို
ဆုံးရှုံးရတတ်ပါတယ် ။

ခက်ခက်ခဲခဲရတာလည်း
တစ်ရာဖြစ်သလို

လွယ်လွယ်လေးရတာလည်း
တစ်ရာပဲဆိုရင်
တန်းဖိုးလည်းမကွာပါဘူး ။

ကိုယ့်တိုင်သတ်မှတ်ချက်
နားလည်မှုတွေ လွှဲချော်လို့သာ
တန်းဖိုးမရှိဘူး ထင်ရတာပါ ။

ဒါကြောင့်…
ပမာဏကြီးကြီးသေးသေး
သူ့တန်ဖိုးနဲ့သူရှိနေကြတဲ့အတွက်

ဘယ်အရာအပေါ်မှာပဲဖြစ်ဖြစ်
အသိမှတ်ပြုပေးတတ်အောင်တော့
သင်ယူထားဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏