“ရေရှည်မှာ အမြင်အာရုံကောင်းဖို့အတွက် လုပ်ဆောင်ရမည့် Habitsများ”👁

လူအများစုဟာ Mobile Phone၊ Laptop ၊TV စတဲ့ မျက်စိနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ Electronic Devicesတွေ အသုံးများလာတာကြောင့် မျက်စိကျန်းမာရေးအတွက်လည်း စိတ်ပူလာရပါတယ်။ ဒီ Devicesတွေသုံးစွဲမှုကို ရပ်တန့်ဖို့မလွယ်ပေမယ့် မျက်စိကိုပြန်အားဖြည့်ဖို့အတွက်တော့ လူတိုင်းတတ်နိုင်ပါတယ်။ ဒါကြောင့် အမြင်အာရုံကောင်းမွန်စေဖို့ လုပ်ဆောင်ရမယ့် #Habits တွေကို မျှဝေပေးချင်ပါတယ်။

⏹အနားယူမှုလေ့ကျင့်ခန်းလုပ်ပါ

မျက်စိနဲ့ပတ်သက်ပြီး ရိုးရှင်းတဲ့ Workoutတစ်ခုကတော့ ကိုယ့်ရဲ့လက်ဖဝါးနှစ်ခုကို ပူနွေးလာသည်အထိ အချင်းချင်းပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ကိုယ့်ရဲ့မျက်စိပေါ်ကို အလင်းရောင်မမြင်ရလောက်တဲ့ အခြေနေထိ ဖွဖွလေးအုပ်ထားပါ။ သင့်အနေနဲ့ ဒီလေ့ကျင့်ခန်းကို နေစဥ်နေ့တိုင်းပြုလုပ်ပေးမယ်ဆို ကိုယ့်ရဲ့မျက်စိကိုအနားယူမှုပေးသလိုလည်းဖြစ်စေပါတယ်။

⏹ဖွင့်လိုက်မှိတ်လိုက်လုပ်ပါ

နောက်ထပ် Habitလေးကတော့ ကိုယ်ရဲ့မျက်စိကို ဖွင့်လိုက်မှိတ်လိုက် လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကတော့ သင့်ရဲ့အမြင်အာရုံကို သိသိသာသာကိုထူးကဲစေပါတယ်။ ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင် အမြင်စူးစေတဲ့ အလင်းရောင်တွေကို ကာကွယ်ပေးနိုင်သလို မျက်စိနာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာစေပါတယ်။ Laptop အသုံးများသူ၊ Mobile Phone အသုံးများသူတွေနဲ့ တခြားမျက်စိကိုထိခိုက်စေတဲ့ Electronic devicesတွေကို အမြဲသုံးနေရသူတွေနေနဲ့ မျက်စိကိုက်လာတဲ့အခါ 5second လောက် မှိတ်လိုက်ဖွင့်လိုက်လေးလုပ်ပေးပါ။

⏹ရေဖြင့်ပတ်ဖျန်းပါ

အလုပ်တွေအရမ်းများပြီး Electronic Devicesတွေကြည့်ရတာများလာပြီဆို မျက်စိကအားကုန်ခမ်းလာသလိုခံစားရပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ မျက်စိကိုရေဖြင့်ဆေးကြောပတ်ဖျန်းပေးလိုက်ပါ။ မျက်နှာသစ်ပေးတဲ့သဘောပါပဲ။ သင့်အနေနဲ့ အမြင်အာရုံ ကြည်လင်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို ပုံမှန်လုပ်ဆောင်သွားပေးပါ။ မျက်စိကိုရေနဲ့ပတ်ဖျန်းပြီးချိန်မှာတော့ မျက်စိအမြင်လန်းဆန်းလာရုံသာမက စိတ်ပါလန်းဆန်းလာပါလိမ့်မယ်။

⏹မနက်စောစောလမ်းလျှောက်ပါ

နောက်ဆုံး Habitလေးကတော့ မနက်စောစောအိပ်ယာထပြီး လမ်းလျှောက်ပေးခြင်းပဲဖြစ်ပါတယ်။ ဒီနည်းကရိုးရှင်တယ်ဆိုပေမယ့် သင့်မျက်လုံးအတွက်တော့ အကျိုးရှိစေပါတယ်။ မနက်စောစောထပြီး နွေးထွေးတဲ့နေရောင်ချည်နဲ့ မျက်စိထိတွေ့ရတဲ့အခါ အမြင်တွေကြည်လင်လန်းဆန်းလာတာကို ကိုယ်တိုင်ခံစားရပါလိမ့်မယ်။🔛

✅အထက်မှာပြောပြပေးသွားတဲ့ #Habits တွေက လူတိုင်းလိုက်လုပ်နိုင်တဲ့အလေ့ကျင့်တွေပဲဖြစ်
ပါတယ်။ #ရေရှည်မှာမျက်စိအမြင်အားကောင်းဖို့ဆို ဒီHabitတွေက မဖြစ်မနေလုပ်ပေးသင့်ပါတယ်။ ဒါကြောင့် ကိုယ်ကမျက်စိကျန်းမာရေးကို အထူးဂရုစိုက်သူဆိုရင်တော့ ကိုယ်နဲ့အဆင်ပြေရာအလေ့ကျင့်တွေကို နေ့စဥ်လုပ်ဆောင်ပေးပါ။

👉🏻မျက်စိနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို အမြဲမျှဝေပေးသွားမှာဖြစ်လို့ Pageကိုလည်း Like & Follow လုပ်ထားပေးပါဦး။

” သင့်မျက်စိကိုဂရုစိုက်ပါ “