ပြောင်းလဲလာတဲ့ တပ်မတော်ရဲ့ စစ်နည်းဗျူဟာ

TNLA က ဘယ်လိုမှ တိုက်မနိုင်တဲ့ စခန်းသစ်ကုန်းကို မရမကကို ဆော်နေတာမှ နေ့ရော ညရောပဲ. လောက်ကိုင်မှာ လုပ်စရာမရှိတော့တဲ့ တပ်မတော်(လေ) ဟာ သူ့ရဲ့အင်အားကို နမ့်ခမ်းက TNLA တို့ပေါ် သွန်ချလိုက်သလားမသိပါဘူး. ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လေယာဉ်ပေါင်းစုံသုံးပြီး စခန်းသစ်ကို တက်လုံးနေတဲ့ TNLA တွေကိုရော၊ နမ့်ခမ်းမြို့ထဲက TNLA တွေကိုပါ လေကြောင်းအင်အားကို ပုံအောပြီး ဆော်ပါတော့တယ်.

ရက်တွေကြာလာတော့ တပ်ကနည်းနည်း စစ်တိုက်တတ်လာပုံရပါတယ်. နမ့်ခမ်းပေါ်မှာ Grob တစ်စီးကို FAC တင်ပြီး၊ ညွှန်ပေးသမျှ ပစ်မှတ်တွေကို လေယာဉ်၊ ရဟတ်ယာဉ်တွေက ကောင်းကောင်းကို ဆော်ကြတော့တာပါပဲ. TNLA တွေခိုအောင်းနေတဲ့ နမ့်ခမ်းရဲစခန်းကို ပေါင် ၅၀၀ ဗုံး (၂)လုံး ကြဲချလိုက်တာမို့ အဲဒီမှာတင် TNLA တွေ အကျအဆုံးတော်တော်များနိုင်ချေ ရှိပါတယ်. ဗုံးရဲ့ပြင်းအားဟာ ပတ်ပတ်လည်က အိမ် (၅)လုံးပါ ပျက်စီးသွားတဲ့အထိပဲလို့ဆိုပါတယ်.

တစ်ချိန်တည်းမှာ Mi-17 ရဟတ်ယာဉ်တွေဟာ နမ့်ခမ်းမြို့အနောက်ဘက်နားမှာ အင်အား(၁၀၀)လောက်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းကို ချပေးသွားတယ်လို့ ဆိုပါတယ်. မနေ့ကလည်း Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဉ် အစောင့်လိုက်ပါလာတဲ့ Mi-17 ရဟတ်ယာဉ်တွေဟာ စစ်ကူတပ်ဖွဲ့တွေကို စခန်းသစ်ကုန်းပေါ်ကို ချပေးပြီး အင်အားဖြည့်ပေးနိုင်ခဲ့ပါတယ်. စခန်းက ဒဏ်ရာရစစ်သည်တွေကိုလည်း ရဟတ်ယာဉ်နဲ့ လားရှိုး၊ ပြင်ဦးလွင်မြို့တွေဆီ တစ်ခါတည်းပြန်ခေါ်သွားပြီး ပို့ဆောင်ပေးခဲ့ကြပါတယ်.

နဂိုကတည်းက မာကျောလှတဲ့စခန်းသစ်ကုန်းဟာ စစ်ကူတွေလာပေါင်းနိုင်သွားပြီမို့ အားသစ်လောင်းကာ ပိုမိုတောင့်တင်းသွားပါတယ်. ဒီနေ့မှာ လေတပ်က Grob, A5, FTC-2000G, Y12, Mi-35P စတဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေကို နမ့်ခမ်းမှာ အသုံးပြုသွားပြီး TNLA ဘက်ကတော့ ဒီနေ့မှာ တော်တော်အထိအခိုက်များမယ့်ပုံပါပဲ. KIA ဘက်မှတစ်ဦးကတော့ ကျဆုံး TNLA တပ်ဖွဲ့ဝင်တွေများပြားလှတာမို့ မြေမမြှုပ်နိုင်ပဲ အလောင်းများကို ရွှေလီမြစ်ထဲသို့သာပစ်ချနေလို့ ရွှေလီမြစ်ဟာ TNLA ရဲ့သင်္ချိုင်းလိုတောင်ဖြစ်နေပြီလို့ ဆိုပါတယ်.