TNLA အလောင်းနှင့် လက်နက်ခဲယမ်းများရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ရွာအနီး၌ ယမန်နေ့ (ဇူလိုင် ၂၃ ရက်) ညနေ ၅ နာရီအချိန်ခန့်တွင် စခန်းချိန်းနေသည့် နမ့်ခမ်း(မြို့မ)ပြည်သူ့စစ်အဖွဲ့နှင့် TNLA သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲ အတွင်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ တပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရရှိကာ TNLA သောင်းကျန်းသူ အလောင်း ၁ လောင်းနှင့် KIA ထုတ် ဗုံးပစ်သေနတ် ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။