ကလေးမြို့နယ်၊ သာစည်ကျေးရွာ PDF အကြမ်းဖက်သမားများနှင့် လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိ

ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့နယ်အတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ကလေးမြို့နယ်၊ သာစည်ကျေးရွာဝန်းကျင်တွင် PDF အမည်ခံ အကြမ်းဖက်သမားများရောက်ရှိနေကြောင်း သိရှိရသဖြင့် သာစည်ကျေးရွာအား ပိတ်ဆို့ ရှင်းလင်းစဉ် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် လက်နက်၊ခဲယမ်းမျာ၊ဆက်စပ်ပစ္စည်းများနှင့် အသုံးဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်–

👉- PDF အကြမ်းဖက်အဖွဲ့ဝင် –၁၀ ဦး
👉- SIG SAUER ပစ္စတိုသေနတ် –၁ လက်
👉- အမ်-၄ ကာဘိုင်သေနတ် –၁ လက်
👉- ၉ မမကျည်အိမ် —၁ ခု
👉- ၃၅ တောင့်ဝင်ကျည်အိမ်(အမ်အေ)— ၂ ခု
👉- ၉ မမကျည်— ၉ တောင့်
👉-၅.၅၆ မမကျည် —၄၅ တောင့်
👉-၇.၆၂ မမကျည်— ၂ တောင့်
👉- အမ်-၂၂ ကျည် –၃ တောင့်
👉-၁၂ ဗို့ကျည် —၄၂ တောင့်
👉- အိုင်ကွန် —၂လုံး
👉- ပြောက်ကျားယူနီဖောင်း —၁၀ စုံ
👉- ဆေးခြောက် —၁ထုပ်
👉- ဆေးမျိုးစုံ —-၂ထုပ်
👉- ကျည်ကာအင်္ကျီ —-၁ထည်
👉- Toyota Crown (ခဲရောင်)ယာဉ် —၁စီး
👉- ဖုန်းမျိုးစုံ —၆ လုံး
👉-ပြောက်ကျားဦးထုပ် —၁ လုံး
👉- ကျောပိုးအိတ် —၉ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပြီး ပြည်သူများအနေဖြင့်လည်း PDF အမည်ခံ အကြမ်းဖက်သမားများ၏ လက်နက်၊ခဲယမ်း ကိုင်တွယ်သယ်ဆောင်မှုနှင့် အကြမ်းဖက်သမားတို့၏ သတင်းများကို လျှို့ဝှက်ပေးပို့ခြင်းသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။