နွားထိုးကြီးမြို့နယ် လူလုပ်လိုဏ်ဂူအတွင်းမှမိုင်းနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

နွားထိုးကြီးမြို့နယ်၊ဖောင်ချဉ်း(တောင်)ရွာမှယမန်နေ့ နံနက်ပိုင်းကထွက်ခွာလာရာ၎င်းရွာ၏အနောက်ဘက်မီတာ ၃၅၀၀ခန့်အကွာနေရာသို့မွန်းလွဲ ၁နာရီအချိန်ခန့်ရောက်ရှိရှင်းလင်းစဉ်ရန်သူခိုအောင်းနေထိုင်သောအလျား ပေ၅၀၊အနံ၆ပေ၊အနက်၄ပေရှိလူလုပ်လိုဏ်ဂူကိုတွေ့ရှိခဲ့သည်။ အဆိုပါလူလုပ်လိုဏ်ဂူအတွင်းမှ-
-၁၀၇မမရှော့တိုက်ဒုံး ၁ လုံး၊ လက်လုပ်Drop Bomb၁၈လုံး၊
-၇.၆၂မမကျည်၂၈၀၀တောင့်၊
-Remote Circuit ၇၀ခု၊
-Remote Control ၁၀ခု၊
-ကျည်ကာအင်္ကျီ ၁၆ထည်၊
-Circuit ၁၆ ခု၊
-ကီးပတ်ဖုန်း ၁၀ခု၊
-ယမ်းကြိုးအမြန်၁၀၀ပေ ၁ခွေ၊
-စနက်တံ ၅၀ ခု၊
-ဝါယာကြိုး(၃၀၀)ပေ ၅ခွေ၊
-ဆိုင်ကယ်ဘတ္ထရီ ၁၀လုံး၊
-မှန်ပြောင်း ၁ လက်၊
-ယမ်းညှင်း ၁၀ကီလို၊
-ယမ်းစိမ်း ၂ ကီလို၊
-ဓာတ်မြေဩဇာ၁၀ပိဿာ၁ပုံး၊
-လက်လုပ်မိုင်း ၅လုံးတို့သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ၎င်းသိမ်းဆည်းရမိမိုင်းနှင့်ဆက်စပ်ပစ္စည်းများကိုအန္တရာယ်ကင်းစွာဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသတင်းရရှိပါသည်။