နမ့်ဖတ်ကာမှာ TNLA ၁ လောင်းနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာဘက်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး သောင်းကျန်သူ အလောင်း ၁ လောင်းနဲ့အတူ သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခုနဲ့ ကျည် ၄၂ တောင့်၊ ဗုံးသီး ၁ လုံး၊ ကျောပိုးအိတ် ၄ လုံး၊ စကားပြောစက် ၁ လုံး၊ ပြောက်ကျားဦးထုပ် ၂ လုံး၊ ယူနီဖောင်း ၅ စုံနဲ့ အီကွေးမန့် ၁ စုံတို့အား သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။