အာဂသတ္တိနဲ့ပြည့်ဝတဲ့ အမျိုးသမီးများ

ဒီပုံလေးထဲက အမျိုးသမီးကတော့ ဖခင်တိုက်ပွဲကျသွားပေမယ့် အမေနဲ့အတူ သမီးငယ်ဟာ ဘန်ကာထဲကနေ ရန်သူတွေကို ပြန်ခုခံရင်း အမေရော သမီးပါ ဒဏ်ရာတွေရခဲ့တယ်။ ဒါပေမယ့် အပြုံးမပျက်ဘဲ နိုင်ငံတော်၊ တပ်မတော်နှင့် ခင်ပွန်းဖြစ်သူတို့အတွက် ဆက်လက်တိုက်ပွဲဝင်နေအုံးမယ်တဲ့..၊ သတ္တိအပြည့်ရှိတဲ့ သားအမိပဲ ဖြစ်ပါတယ်။

အောက်ကပုံထဲက ရဲမေဖြစ်သူကလည်း ခင်ပွန်းဖြစ်သူက ရှေ့တန်းမှာတိုက်ပွဲဝင်၊ ဇနီးသည်က နောက်တန်းမှာ ကလေးနှစ်ယောက်ကိုကာကွယ်ရင်း ရန်သူကို ခုခံခဲ့တယ်။ ဒဏ်ရာတွေရခဲ့ပေမယ့် ကလေး ၂ ယောက်ကို ရင်ခွင်ထဲ ထားပြီး ရန်သူကို ရဲရဲရင့်ရင့် ခုခံခဲ့တဲ့ရဲမေဟာ ရဲရင့်တဲ့စိတ်၊ မိခင်စိတ်နဲ့ တိုက်ပွဲဝင်ခဲ့သူပါ၊ Drop Bomb ကြောင့် ကလေးငယ်တွေဟာ ဒဏ်ရာတွေရခဲ့တယ်၊ အမြန်ဆုံး သက်သာပျောက်ကင်း ကြပါစေ။ ဒီလိုရဲစွမ်းသတ္တိနဲ့ပြည့်ဝတဲ့ ပါရမီဖြည့်ဖက်တွေ တပ်မတော်ထဲမှာ အများရှိနေပါတယ်။