ချောင်းဦးမြို့နယ်၊ ပဲပြစ်တောကျေးရွာအနီးတွင် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

ဧပြီလ ၅ ရက်က နေ့လယ် ၁ နာရီခန့်တွင် ချောင်းဦးမြိုနယ်၊ ပဲပြစ်တောကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် ၎င်းကျေးရွာအနီးတဝိုက်တွင် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် PDF များ ခိုအောင်းနေကြောင်း အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ သွားရောက်ရှင်းလင်းခဲ့ရာ

  • PDF အလောင်း–၁ လောင်း
  • ၅ ယောက်အိပ်တဲ –၂ လုံး
  • လက်လုပ်သေနတ်– ၈ လက်
  • လက်လုပ်စိန်ပြောင်း –၂ လက်
  • လက်လုပ်လက်ပစ်ဗုံး —၄ လုံး
  • လက်လုပ်မိုင်း –၅ လုံး
  • ကျည်ဆံ —၁၀ တောင့်
  • ဘတ္ထရီအိုး –၂ လုံး
  • ပြောက်ကျား အင်္ကျီ —၃ ထည်
  • လည်တိုဖိနပ် –၅ ရံတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။