မုံရွာမြို့နယ်၊ သဂလ-အက်ကြီးတွင်တိုက်ပွဲဖြစ်

နိုဝင်ဘာ ၅ ရက်နေ့က လုံခြုံရေးတပ်/ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ မုံရွာမြို့နယ်၊
သဂလ-အက်ကြီးနယ်မြေအတွင်း လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်အဖွဲ့ ၁၀ ဦးအား
လက်နက်ကိုယ်စီဖြင့် လမ်းလျှောက်လာသည်ကို တွေ့ရှိပြီး ရှေ့ထွက်မိုင်း (၂) လုံးဖောက်ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ –
(၁) အကြမ်းဖက်သူ (၇)လောင်း။
(၂) M-4 သေနတ် (၁)လက်။
(၃) လုပ်သေနတ် (၅)လက်။
(၄) ကျည် (၁၄၁)တောင့်။
(၅) ကျည်အိမ် (၅)ခု။
(၆) လမ်းလျှောက်စကားပြောစက် (၁)လုံး
တို့ကို သိမ်းဆည်းရမိပြီး လုံခြုံရေးအဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း သိရှိရပါတယ်။