ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ကို ဖမ်းဝရမ်း ပြန်လည်ရုပ်သိမ်း

၂၀၂၀ သယ်ယူပို့ဆောင်ရေးစီမံချက်မှာ အကျင့်ပျက်ခြစားမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ တရားခံပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နာဝပ်ထရာကို အပြစ်မရှိကြောင်း ထိုင်းတရားရုံးချုပ်က အမိန့်ချလိုက်ပြီး တရားသေလွှတ်လိုက်တဲ့အတွက် ယဉ်လတ်အတွက်ထုတ်ထားတဲ့ ဖမ်းဝရမ်းဟာ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။

ယဉ်လတ်အာဏာရစဉ်အတွင်း ၂၀၂၀ သယ်ယူပို့ဆောင်ရေးစီမံချက်နဲ့ပတ်သက်ပြီး အဂတိလိုက်စားခဲ့ကြောင်း ယဉ်လတ်နဲ့ အပေါင်းအပါငါးဦးကို စွဲချက်တင်ထားတာကို ထိုင်းတရာရုံးချုပ်က မတ်လ ၄ ရက် တနင်္လာနေ့က တညီတညွတ် တည်း ပြန်လည်ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။ #Crd