ဘုရား ကိုးကွယ်တတ်စေဖို့

နာမည်ကြီးဘုရားလည်း ဒီဘုရားပဲ
နာမည်မထင်ရှားတဲ့ဘုရားလည်း ဒီဘုရားပဲ
ဆုတောင်းပြည့်ဘုရား လို့
အမည်ပေးထားလည်း ဒီဘုရားပါပဲ
တန်ခိုးကြီးဘုရားလို့
အမည်တပ်ထားလည်း ဒီဘုရားပါပဲ။

တစ်ချို့နော်
ဟိုဘုရားက လာဘ်ကောင်းတယ်
ဒီအသားနဲ့ ထုထားတဲ့ဘုရား ကိုးကွယ်ရင် စီးပွားတက်မယ် ကျန်းမာရေးကောင်းမယ်။ ဒီဘုရားပုံတော်က လာဘ်ကောင်းတယ်နဲ့ အမျိုးမျိုးပါပဲ။

နာမည်ကြီးတယ်။ တန်ခိုးကြီးတယ်
ဆုတောင်းပြည့်တယ်၊ လာဘ်ကောင်းတယ်ဆိုတဲ့
ဘုရားကိုပဲ ကိုးကွယ်ချင်ကြတဲ့သဘောဖြစ်နေတယ်။

လာဘ်မကောင်းတဲ့ ဘုရားကို ဆို
အိမ်မှာတောင် ထားချင်မှထားမယ်အဲဒီလိုကို ဖြစ်နေတယ်။ အဲဒီလိုမဖြစ်ပါစေနဲ့နော်…။

ဘယ်ဘုရားပဲဖြစ်ဖြစ်
မြတ်စွာဘုရားရဲ့ကိုယ်စားတော်အနေနဲ့
တည်ထားပူဇော်ကြတာ ဒါကြောင့် ရုပ်ပုံတော်ကို
ကြည့်ရှု ဖူးမြင်ပြီးတဲ့အခါမှာမြတ်စွာဘုရားရဲ့”အရဟံ”သောဂုဏ်တော်တွေကို အာရုံပြု ထိုအာရုံပြုခြင်းအားဖြင့် မိမိရဲ့သန္တာန်မှာအာရုံပြုနေတဲ့အခိုက် လောဘငြိမ်းတယ်၊ ဒေါသငြိမ်းတယ်၊ မောဟငြိမ်းတယ်။

ထိုအငြိမ်းဓာတ်သည်သာလျှင်အနှစ်သာရ ဘုရားကို အာရုံပြုပြီးတော့စိတ်ငြိမ်းချမ်းမှု ရနေတာ ဒါဟာ ရနေတာကို ရမှန်းမသိဘူး။ ဟို ဘာမဟုတ်တဲ့ ပိုက်ဆံရချင်တာ စီးပွားတွေတက်ချင်နေတာဆိုတဲ့ လောဘတွေပဲ ဖြစ်နေတာ မဟုတ်လား။ ဘုရားကိုကိုးကွယ်ရင်းလောဘတွေတိုးနေကြတယ်။

မြတ်စွာဘုရားကိုကိုးကွယ်တယ်လိုဆိုတဲ့အခါမှာ အသိဉာဏ်ရဖို့ကိုးကွယ်တာ၊ မသိသေးတာသိဖို့ ကိုးကွယ်တာ၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိဖို့။ ဒါက လုပ်သင့်တယ်၊ ဒါက မလုပ်သင့်ဘူး။ ဒါသွားသင့်တဲ့လမ်း၊ မသွားသင့်တဲ့လမ်း ခွဲခြားသိဖို့ ။

ဘုရားကဆုံးမမယ် သြဝါဒပေးမယ်၊ ဒီမျှော်လင့်ချက်နဲ့ ဘုရားဆီကိုသွားတာ။ ဘုရားကို ကိုးကွယ်တယ်ဆိုတာအဲဒီ မျှော်လင့်ချက်နဲ့။ဘုရားက ဒီ့ထက် ပိုပြီးတော့ဘာလုပ်ပေးနိုင်တုန်းဆိုတော့ ဘာမှ လုပ်မပေးနိုင်ဘူး။ လုပ်တာက ကိုယ့်ဟာကိုယ်ပဲ လုပ်ရမှာနော်။ 🙏🙏🙏

(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ