Online ငွေလိမ်လည်သူ ၃ ဦးအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင် ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ ခြောက်လှန့်တောင်းယူမှုများကို အားပေး ကူညီခြင်းများကို ကျူးလွန်နေသော မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန်းတို့ကို ဥပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ (၁၆-၁၁-၂၀၂၃) ရက်နေ့ မနက်ပိုင်းတွင် ၎င်းတို့အား ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ဖမ်းဆီးရမိ၊ ဥပဒေအရ အရေးယူနိုင်ရေး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။