ကျိုက်ထိုတွင် အပြစ်မဲ့ပြည်သူနှစ်ဦးအား အကြမ်းဖက် KNU/PDF များမှ သတ်ဖြတ်

ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က ကျိုက်ထိုမြိုနယ်၊ ကဒတ်ချောင်းဈေးတန်းအနီး အပြစ်မဲ့ပြည်သူနှစ်ဦးအား အကြမ်းဖက် KNU/PDF များမှ သေနတ်ဖြင့် ၅ ချက် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သတင်းရရှိပါတယ်။
ဖြစ်စဥ်အား စုံစမ်းရာ အကြမ်းဖက် KNU/PDF များမှ ဆိုင်ကယ် ၂ စီးဖြင့် အပြစ်မဲ့ပြည်သူနှစ်ဦးအား ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ပြီး ဆောင်နိုင်ကြီးကျေးရွာဘက်သို မောင်းနှင်သွားကြောင်း သိရှိရပါတယ်။
အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားရသူ အပြစ်မဲ့ပြည်သူနှစ်ဦးအား နယ်မြေခံလုံခြုံရေးအဖွဲများနှင့် လူမှုကူညီရေးအဖွဲများပူးပေါင်းကာ ကျိုက်ထိုပြည်သူ့ဆေးရုံကြီးသို ပိုဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
ကျိုက်ထိုမြိုနယ်အတွင်း အကြမ်းဖက်မှုများအား ရဲပြေး အေးမင်းထွန်းမှ ဦးဆောင်လုပ်ကိုင်လျက်ရှိပြီး ယခုကဲ့သို အကြမ်းဖက်သတ်ဖြတ်ခံရမှုများ ထပ်မံဖြစ်ပေါ်မလာစေရေး အေးမင်းထွန်း၏ သတင်းအရင်းမြစ်များရရှိပါက ဒေသခံလုံခြုံရေးအဖွဲများထံသို အချိန်နှင့်တပြေးညီ သတင်းပေးပိုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။