ထီးလင်းမြို့နယ် တိုက်ပွဲတွင် တပ်မတော်သား ၄ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းတု

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ဆေးမင်တောကျေးရွာ တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံးပြီး ဂန့်ဂေါခရိုင် တပ် ရင်း ၁၇ မှ တပ်ခွဲမှူး ကျော်မင်းလွင် ကျဆုံးခဲ့ကြောင်း Khit Thit က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> မတ်လ ၁၈ ရက်နေ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ဆေးမင်တောကျေးရွာအနီးတွင် တပ်မတော်နှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ၅ လောင်း၊ သေနတ် ၂ လက်၊ စကားပြောစက် ၂ လုံး၊ ယူနီဖောင်း ၁ ထည်တို့ သိမ်းဆည်းရရှိခဲ့ပြီး တပ်ဖွဲဝင် ၃ ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ မြေပြင်တွင် PDF တွေ အသေအဆုံးများတာကို ဖုံကွယ်ကာ တပ်မတော်သား ၄ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာရေးသား ထားခြင်းသာဖြစ်ပါတယ်။
False-News
FACT-CHECK
https://t.me/factcheckmm