ပေါက်မြို့နယ် ထိတွေ့တိုက်ပွဲတွင် တပ်မတော်သား ၇ ဦး သေဆုံးတယ်ဆိုတဲ့ Khit Thit ရဲ့ သတင်းမှား

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သနပ်ပင်ဇင်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်သားများကို တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ရဟတ်ယာဉ်ဖြင့် လာရောက်စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း Khit Thit က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> မတ်လ ၁၅ ရက်နေ့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သနပ်ပင်ဇင်းကျေးရွာအနီးတွင် တပ်မတော်နှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDFများ အထိနာသဖြင့် ထွက်ပြေးသွားကြောင်း၊ တပ်မတော်သား ၁ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ ကျေးရွာအတွင်းရှင်းလင်းရာတွင် PDF များ ခိုအောင်းနေထိုင်ခဲ့သည့် စာသင်ကျောင်းနှင့် နေအိမ်များအတွင်းမှ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ ကျည် ၃၆ တောင့်၊ ၁၂ ဗိုကျည် ၂၈ တောင့်၊ လက်လုပ် ၄၀ မမဗုံးသီး ၁၁ လုံး၊ လက်လုပ်ဗုံးသီး ၅ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ ယမ်းမှုန့် (၁ ပိဿာခန့်) ၆ ထုပ်နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ မြေပြင်တွင် PDF တွေ ချောင်းပစ် ထွက်ပြေးလောက်သာ လုပ်ရဲပြီး စစ်ကြောင်းများ ရောက်ရှိလာပါက ကြောက်လန့်ထွက်ပြေးနေရသောကြောင့် Khit Thit မှ အမှန်မရေးဘဲ ဖုံးကွယ်ကာ တပ်မတော်သား ၇ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာရေးသား ထားခြင်းသာဖြစ်ပါတယ်။
False-News
FACT-CHECK
https://t.me/factcheckmm