သဲကုန်းတံတားအား KNLA / PDF အကြမ်းဖက်များမှ မိုင်းခွဲဖျက်ဆီး

ဇူလိုင်လ ၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာအနီး ကျောက်ကြီး-နတ်သံကွင်း ကားလမ်း ကွန်ကရစ် ပြွန်ပေါက် သဲကုန်းတံတား (ဒေသအခေါ် ဖားကွ) အား KNLA တပ်မဟာ(၃)၊ ရင်း(၉)/ အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတား အလယ်မှကျိုးကျသွားပြီး လူ/ယာဥ် ဖြတ်သန်းသွားလာ၍ မရတော့ကြောင်းသိရပါတယ်။ အကြမ်းဖက်တွေကို အမြန်ဆုံးရှင်းလင်းဖို့ လိုအပ်နေပါပြီ။