ကင်(မ်) ချီ ပြုလုပ်နည်း

Kimchi အစားအစာကို မကြာခဏ ကိုရီးယားရုပ်ရှင်နှင့် ရုပ်မြင်သံကြားများတွင် ကိုရီးယား အစားအစာ တခုအနေနဲ့ ရောနှော ပြသထားတယ်သည်ကို တွေ့မြင် နိုင်ပါတယ်။ ကင်(မ်) ချီဟာ ကျန်းမာရေး အတွက် အထောက်အကူ ပြုစေတဲ့ အစားအသောက် တခုလဲ ဖြစ်ပါတယ်။

ကင်(မ်) ချီရဲ့ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေတဲ့ အချက်တွေကတော့….

ကင်(မ်)ချီသည် ဒိန်ချဉ်လိုပဲ အချဉ်ဖောက်ထားသောကြောင့် lactobacilli လို့ ခေါ်တဲ့ ခန္ဓာကိုယ်အတွက် ကျန်းမာစေတဲ့ ဘက်တီးရီးယား ပါဝင်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ အစာချေ လုပ်ငန်းစဉ်အတွက် အထောက်အကူ ပြုသလို၊ နောက်ထပ် အံ့သြဖွယ် တခုကတော့probioticsပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် အမျိုးမျိုးသော ကူးစက် ရောဂါများကို  တိုက်ထုတ်နိုင်ပါတယ်။

ခန္ဓာကိုယ်မှာ သွေးတိုးခြင်း သို့မဟုတ် သွေးထဲမှာ ကိုလက်စထရော မြင့်မားနေတယ်ဆို ကင်ချီမှာ ပါဝင်တဲ့ ကြက်သွန်ဖြူနှင့်ဆယ်လီနီယမ်က ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော လျော့ကျလာဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

ကင်(မ်)ချီကို ကိုယ့်ဘာသာ လုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကတော့.

(၁) မုန်ညင်းထုပ်အဖြူ (၁ပိဿ၂၀ ကျပ်သား) (၂၀၀၀ ဂရမ်)

(၂) ကြက်သွန်မြိတ်- ၃၀ ကျပ်သား (၅၀၀ ဂရမ်)

(၃) ငံပြာရည် – ၁ ခွက်(လက်ဖက်ရည်ကြမ်း တစ်ပန်းကန်)

(၄) ကောက်ညှင်း၊ နာနတ်ရည်/သစ်သီးအရည် တခုခု /ရှာလကာရည် – ၁ ခွက် (လက်ဖက်ရည်ကြမ်း တစ်ပန်းကန်) ကြက်သွန်ဖြူ ၁၀ ကျပ်သား

(၅) ဂျင်း အနည်းငယ်

(၆) ငရုပ်သီးမှုန့် ၀.၅ ခွက် (လက်ဖက်ရည်ကြမ်း ပန်းကန်တဝက်)

(၇) ဆား အနည်းငယ်

(၈) ရွက်စားမုန်လာ၊ တရုတ် မုန်ညင်းထုပ် (Chinese Cabbage) – ၁ စီး

(၉) မုန်လာဥဖြူ/နီ (ခါကြက်ဥ) အနည်းငယ်

(၁၀) နှမ်း အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

  • မုန်ညင်းထုပ် အဖြူများအား ရေစင်အောင် ဆေးကြောပြီး ဆားရည်တွင် (၃) နာရီခန့် စိမ်ပါ။
  • ၎င်းတို့အား ဆားရည်မှ ဆယ်ယူပြီး ရေစစ်ထားပါ။
  • ဂျင်း၊ ကြက်သွန်ဖြူတို့အား ထောင်းထားပါ။ ကောက်ညှင်းအား ပြုတ်ထားပါ။
  • ပါဝင်သော ပစ္စည်းများအား ရောထည့်၍ မွှေပြီး(၁-၂) ည ခန့် နှပ်ထားပါ။

ထို့နောက် ရေခဲသေတ္တာ(သို့) အေးမြသော နေရာတွင် ထား၍ စားသုံးနိုင်ပါသည်။