ထောပတ်သီးနဲ့ အလှအပရေးရာ

ထောပတ်သီးဟာ ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါအကျိုးရှိတဲ့ အသီးတမျိုးဖြစ်ပြီး ထောပတ်သီးအစေ့ဟာလည်း အလှအပရေးရာအတွက် အင်မတန် အသုံးဝင်ပါတယ်။ ထောပတ်သီးဟာ အမျှင်ဓာတ် (fiber) ကြွယ်ဝသော အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ အဝလွန်နေသူတွေအတွက် ထောပတ်သီးအားစားသုံးခြင်းဖြင့် ဝိတ်ကိုလည်း ကျစေပါတယ်။ ထောပတ်သီးနဲ့ အစေ့ရဲ့ အသုံးဝင်ပုံတွေကို အားလုံးသိအောင် မျှဝေပေးလိုက်ရပါစေ။

ထောပတ်သီးအစေ့မှာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တားဆီးပေးနိုင်တဲ့ Anti-aging ဓာတ် ပါဝင်ပြီး မျက်နှာပေါ်က အမည်းစက်တွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ထောပတ်သီးအစေ့ကို ရေနဲ့သေချာစွာ ဆေးကြောပြီး ခြောက်သွေ့သွားအောင် ၃ ရက်ကနေ ၅ ရက်ခန့်အထိ နေလှန်းပေးကာ ခြောက်သွေ့သွားပြီဆိုတော့မှာ အမှုန့်အဖြစ် ကြိတ်ချေပြီး အသုံးပြုပေးရမှာပဲ ဖြစ်ပါတယ်။ကြိတ်ချေထားတဲ့ ထောပတ်သီးအမှုန့်ကို ရှားစောင်းလက်ပတ်၊ သခွားသီး အစရှိတာတွေနဲ့ ရောစပ်ကာ Facial Mask အဖြစ် အသုံးပြုနိုင်ပါတယ်။

အရေပြား ဓာတ်မတည့်မှုကြောင့် ယားယံမှုတွေ ဖြစ်ပေါ်တဲ့အခါမျိုးတွေနဲ့ နီမြန်းရောင်ရမ်းလာတဲ့အခါမျိုးမှာ ကြိတ်ချေထားတဲ့ ထောပတ်သီးစေ့ အမှုန့်နဲ့ ရေအနည်းငယ် ရောစပ်ကာ အရေပြားပေါ်မှာ လိမ်းပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဦးရေပြား ယားယံခြင်းနဲ့ ဗောက်ထခြင်းတွေအတွက် ကြိတ်ချေထားတဲ့ ထောပတ်သီးစေ့အမှုန့်ကို အသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ အနည်းငယ်ရောစပ်ကာ အသုံးပြုပေးခြင်းအားဖြင့် ဗောက်ထခြင်းကို သိသိသာသာ သက်သာ ပျောက်ကင်းစေတဲ့အပြင် ဆံသားတွေကို ပျော့ပြောင်း တောက်ပြောင်လာစေပါတယ်။

နေလောင်ထားတဲ့ အသားအရေတွေနဲ့ အသားအရေ အရောင် မညီညာမှုတွေ အတွက် ထောပတ်သီးစေ့ အမှုန့်ကို သံလွင်ဆီ၊ အုန်းဆီ အစရှိတဲ့ သဘာဝအဆီ တမျိုးမျိုးနဲ့ရောစပ်ကာ Body Scrub အဖြစ် တပတ် ၂ ကြိမ်ခန့် အသုံးပြုပေးနိုင်ပါတယ်။

အဝလွန်နေသူများအတွက် ထောပတ်သီးဖျော်ရည် နေ့စဉ်သောက်သုံးခြင်းဖြင့် ခန္ခာကိုယ်အတွင်းရှိ မလိုအပ်သော အဆီများကို ဖယ်ရှားရှင်းပေးပါတယ်။ ဒါကြောင့်မို့ သဘာဝအတိုင်း ကျန်းမာရေးအတွက်ရော/ အလှအပ အတွက်ပါ ကောင်းမွန်တဲ့ ထောပတ်သီးကို စားသုံးကြပါလို့ တိုက်တွန်းလိုက်ရပါစေ။..