ကင်းအိပ်ခွင့်ပေးမှာလား

အကိုတစ်ယောက် က သင်ပေးတယ်
သူ့ဘဝမှာ မကြိုက်ဆုံးက
ကင်းအိပ်တာ နဲ့
အရက် ဖိတ်တာတဲ့….
သူနဲ့ သောက်လို့
အရက်ဖိတ်ရင်
ပွစိပွစိ သံတညံညံ
ဆဲ ဆိုနေသေး..
ဖီးပျက်တယ်
ကင်း အိပ်ရင် အသက်ပျောက်တတ်တယ်။
ကင်းသမား
***********
မိမိ တပ် စစ်သည်အသက်အားလုံး သူ့လက်ထဲမှာပဲ..
အသင့်မဖြစ်ဘူး… ၊ ကင်းငိုက်တယ်…
အဲလိုဖြစ်ရင်တောင်
အသက် ဘေး ဆိုတာ
လက်နှေးတာနဲ့ ခဏ တာတွင်း
အသက် ပျောက်ရော…
.
ဒီတော့
ကင်းအိပ်ပြီဆိုတာနဲ့…
တွေးသာကြည့်တော့…
စစ်သားလုပ်ပြီး
ကင်း စောင့်ရမယ့်တာဝန်ကို မကျေပြွန်ပဲ
အိပ်နေလို့ကတော့….
Sorry ပဲ
ဒေါသစိတ်က ငယ်ထိပ်မကတော့ဘူး…
.
စစ်သည် ကင်းစောင့်တာ ပင်ပန်းတယ်
ဆိုတော့
ကင်း အိပ်မှာ ဆိုးလို့ ထ ထ စစ်ရတဲ့ အရာရှိက
အိပ် ကောင်းခြင်း အိပ် ရမယ် ထင်လား
ကင်းစစ်သည်ထက် ပိုဆိုးတယ်…
.
အရာရှိငယ်တွေ
မစိစစ်မကြပ်မတ်သလို
ဖြစ်ကတတ်ဆန်းနေရာကနေ
ပေးဆပ် ရရင် နည်းတာမဟုတ်
ပရုပ်ဆီလူးပြီး ပြန်ကောင်းတဲ့အနာမဟုတ် သလို
ကိုယ့်တပ်အထိ နာစေတာပဲ…
.
အရေးကြီးတာက
ကင်း နဲ့ ပွိုင့် စစ်သည်များ
ကြပ်မတ်ရမှာက
ဆရာကြီးနဲ့အရာရှိတာဝန်
သူပုန် က အလစ်ဖမ်း လုပ်တတ်တာသိရင် အလစ်မပေးသတိနဲ့နေရင် ဦးအောင်ဆော်လို့ရတယ်…
.
ကင်းအသက် ဆိုတာ ရှေ့တန်း မှမဟုတ် နောက်တန်းကင်းစစ်သည် လဲ အတူပဲ..
သတိ မပေါ့ပဲ
ကင်းသေချာထိုင်စောင့်
သူတို့လဲ အသက်နဲ့ပါ
အရဲကိုးပြီးမတက်ရဲဘူး…
ဝင်လုံးခံရပြီဆိုရင်သေချာတာက
ဘယ်သူမှ သတိမရှိ လို့
သနားစရာမရှိဘူး…
.
ကင်းအိပ်လို့ အပြစ်ပေးရင်လဲ
လူစိတ်ပျောက်တတ်တယ်
ဒီတော့
မသေအောင် သတိနဲ့နေ သွားလာလှုပ်ရှား…