ပုဗ္ဗသီရိမြိုနယ် အ.ထ.က (၂၀) ကျောင်းရှေ့ရေမြောင်းထဲ အမျိုးသားတစ်ဦးပြုတ်ကျသေဆုံး

နိုဝင်ဘာ ၂၉ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့် နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ် လယ်သာကျေးရွာအုပ်စု၊ ပုဗ္ဗသီရိမြိုပတ်လမ်း၊ အ.ထ.က (၂၀) စာသင်ကျောင်းရှေ့တွင် လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာလုံ ခြုံ ရေးအဖွဲတိုမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သ်ိရသည်။

ဖြစ်စဥ်မှာ ဦးအောင်အောင်၊အသက် ၄၃ နှစ်၊ (ဘ)ဦးကြည်ခိုင်၊ အိမ်အမှတ် ၂၅၃၁၊ ဇီဇဝါလမ်း၊ တပင်ရွှေထီး ရပ်ကွက်၊ ပုဗ္ဗသီရိမြိုနယ် နေသူ ဖြစ် ပြီး ၂၇ ရက်နေ့ည ၇ နာရီ အချိန်ခန့်တွင် ရပ်ကွက်ဓမ္မာရုံတွင် ပြုလုပ်သည့်ကထိန်းပွဲမှအပြန် အရက်အလွန်အကျွံသောက်စားပြီး အ.ထ.က(၂၀)ကျောင်းရှေ့မြောင်းထဲပြုတ်ကျ၍ မြောင်အတွင်းညှပ်လျက် ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပါးပွန်း ဒဏ်ရာ၊ ပါးစပ်သွေးထွက် ဒဏ်ရာများရလျက် သေဆုံးခဲ့ကြောင်း သိရသည်။