တန့်ဆည်မြို့ကို KIA/PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်

နိုဝင်ဘာ ၂၉ရက်နေ့ည ၁၁ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့ကို အကြမ်းဖက် KIA/PDF ပူး‌ပေါင်းအဖွဲ့သည် သာလွန်အင်အားအသုံးပြု၍ စီးနင်းတိုက်ခိုက်လာကြောင်း သိရှိရပါသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့မျာသည် တန့်ဆည်မြို့ကို ယမန်နေ့ည ၁၁ အချိန်မှစ၍ ယနေ့နံနက် ၅ နာရီ ၃၀ မိနစ် အချိန်ထိ ကြာမြင့်ကြောင်း၊ မြို့ခံလုံခြုံရေးတပ်ဖွဲ့၏ စနစ်တကျခုခံမှု ပစ်အားပစ်မှတ်တိကျမှုတို့ကြောင့် အကြမ်းဖက် အဖွဲ့များက ၎င်းတို့၏ကျဆုံးအလောင်းများကို ဆွဲထုတ်ကာ ပြန်လည်ထွက်ပြေးသွားကြောင်း၊ အကြမ်းဖက်အဖွဲ့များ ဆုတ်ထွက်ပြေးရာ လမ်းကြောင်းအတိုင်း လေယာဉ်ပစ်ကူယူကာ ထပ်မံ၍ လိုက်လန်ရှင်းလင်းရာ အကြမ်းဖက်အဖွဲ့ များ၏ လူအုပ်တည့်တည့်အပေါ် ထိမှန်သဖြင့် အကြမ်းဖက်အလောင်းများ တစစီဖြစ်ကာ အကျဆုံးများစွာဖြင့် ထပ်မံ ဆုတ်ခွာထွက်ပြေးသွားကြရကြောင်း၊ အဆိုပါထိတွေ့တိုက်ပွဲတွင် ပုလဲနဂါးအဖွဲ့မှ MRDA အဖွဲ့ဝင်များအကျဆုံးများ သလို ဒေသခံ PDF များလည်း များစွာကျဆုံးကြောင်း မြေပြင်သတင်းများအရသိရပါသည်။

၎င်း အကြမ်းဖက်အဖွဲ့များသည် ဝန်ထမ်းအိမ်ယာအတွင်းထိ ဝင်ရောက်ပစ်ခတ်ခဲ့သော်လည်း ထွေအုပ်ရုံးနှင့် စခန်းအနီးသို့ ဝင်ရောက်ချဉ်းကပ်နိုင်ခြင်းမရှိကြောင်း၊ အကြမ်းဖက်များ အကျဆုံးများစွာဖြင့် ဆုတ်ခွာပြေးသွား‌ရ ကြောင်းသိရသလို့ မြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံကိုလည်း ၎င်းအကြမ်းဖက်အဖွဲ့များက မီးရှို့သွားကြောင်းသိရပြီး မြို့ပေါ်နေအိမ်အချို့လည်း မီးလောင်းဆုံရှုံးမှုရှိကြောင်းသိရှိရပါသည်။

PAN