ဧပြီလ (၂၅)ရက်နေ့ တွေ့ရှိထူးခြား သတင်းများ

  • ရွှေဘိုမြို့ မြို့နယ်စည်ပင်ရုံးအား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့သူ တရားခံ ၄ ဦးနှင့် အားပေးထောက်ပံ့ တရားခံ ၁၂ ဦးအား ဖမ်းဆီးရမိ။
  • ဗန်းမော်မြို့နယ် ဟန်တဲရပ်ကွက်အတွင်း KIA/PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ပြည်သူ ၉ ဦး ဒဏ်ရာရရှိ။
  • ရေစကြိုမြို့နယ် မြေခဲတောင်ကျေးရွာ ကျေးလက်ဆေးပေးခန်းအတွင်း လက်လုပ် မိုင်းများနှင့် အကြမ်းဖက် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ။
  • နောင်ချို ကားလမ်းမကြီးတွင် မိုင်းလာထောင်သည့် TNLA အကြမ်းဖက် ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း။
  • လောင်းလုံးမြို့နယ်တွင် ဆံသဆိုင်ဖွင့်ထားသူတစ်ဦးအား  PDF များက ပစ်ခတ်သတ်ဖြတ်။
  • လယ်ဝေးမြို့တွင် တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရမှုများကို ဝမ်းနည်းကြောင်း ရုရှားသံရုံးစာထုတ်။
  • မကွေးတိုင်း မြိုင်မြို့မရဲစခန်းကို PDF အကြမ်းဖက်အဖွဲ့များမှ ပစ်ခတ်မှုဖြစ်ပွား။
  • မုံရွာမြို့ နတ်လူထိပ္ပန်ရပ်ကွက်ရှိ ယူနီဆက်ရုံးဟောင်းလုံခြုံရေးဂိတ်အား PDF များမှ လာရောက်ပစ်ခတ်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံး။
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း။
  • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၁) ဦးထပ်မံတွေ့ရှိ။
  • ဆန်ဈေးတက်အောင် လုပ်နေသူတွေကို ဖော်ထုတ်အရေးယူမည်ဟု ဆန်စပါးအသင်းချုပ် ပြောကြား။
  • ချင်းပြည်နယ် တီးတိန်မြို့နယ် ထေးဇံကျေးရွာအနီး PDF အကြမ်းဖက် ၂ လောင်းနှင့် လက်လုပ်သေနတ်များ ရရှိ။
  • ပခုက္ကူမြိုနယ် ကမ္မမြို့ရှိ Pap Myanmar အသေးစားငွေချေးလုပ်ငန်းရုံးရှိ ဝန်ထမ်းများ၏ ဖုန်း၊ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများအား PDF များမှ လုယက်ယူဆောင်သွား။
  • ကမမောင်းမြို့ လျှပ်စစ်ရုံးအနီး အကြမ်းဖက်  KNU/PDF များထောင်ထားသော မိုင်း ၁ လုံးအား ရှင်းလင်းသိမ်းဆည်း။
  • ကယားပြည်နယ် ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာအနီး အကြမ်းဖက် KNPP/PDF အကြမ်းဖက်များနှင့် ပစ်ခတ်မှုဖြစ်ပွား။
  • စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ညောင်ပင်ဆိပ်ကျေးရွာတွင် သံဃာတော် ၁ ပါးအား PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း။
  • ရွှေဘိုမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံအား PDF များမှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲဖျက်ဆီး။
  • မြန်မာနိုင်ငံနှင့် ကုန်ထုတ်လုပ်ငန်းကဏ္ဍကို အဓိကဆောင်ရွက်ရန် အိန္ဒိယစီးပွားရေးကိုယ်စားလှယ် ဆန္ဒရှိနေကြောင်း။
  • ချမ်းမြသာစည်မြို့နယ် ကမ်းနားလမ်း၊ ဇီဝိတဒါနသံဃာ့ဆေးရုံရှေ့တွင် ကားအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ်မောင်း ၁ ဦး သေဆုံး။
  • ချောင်းဦး ပကဖ၏ အဓမ္မပြုကျင့် လူသတ်ခဲ့တဲ့ဖြစ်စဉ် ၈ လကြာတဲ့အထိ မဖော်ထုတ်နိုင်သဖြင့် အရေးယူပေးရန် DPNS တောင်းဆို။
  • ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ပုံကျေးရွာနှင့် ကံဆီးရွာကြား KIA/PDF အကြမ်းဖက်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွား။
  • နိုင်ငံတကာသတင်း
  • ကုလလုံခြုံရေးကောင်စီ၌ အဖွဲ့ဝင်နိုင်ငံများ တိုးသင့်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ပြောဆို။
  • ဥရောပသမဂ္ဂ EU ၏ သံတမန်နေအိမ်အတွင်းထိ လာရောက်လုပ်ကြံတိုက်ခိုက်ခံရပေမယ့် အသက်ဘေးမှလွတ်မြောက်ခဲ့ကြောင်း။