ဖေဖော်ဝါရီလ ၂၉ ရက် လူမှုကွန်ရက်ပေါ်က သတိပြုဖွယ် သတင်းအတုနှင့်သတင်းအမှားများ

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမရှိဘဲ Mizzima မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရလို့ ၃ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးတွင် ဈေးဝယ်ပြီးပြန်လာသော ရွာသား ၃ ဦးအား PDF အဖွဲများက လမ်းမှာစောင့်ကြိုဖမ်းဆီးကာ သတ်ဖြတ်သွားပြီး ဈေးပစ္စည်းများအား ခိုးယူသွားကြောင်းကို Mizzima မှ PDF တွေရဲ့ အောက်တန်းကျယုတ်မာမှုကို အမှန်မရေးဘဲ ဗြောင်လိမ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကို သေဆုံးတယ်ဆိုပြီး ကလိမ်ကကျစ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ ဒဂုံမြို့နယ်ရှိ MyTel ကုမ္ပဏီရုံးချုပ်တွင် ဗုံးခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိသော်လည်း Khit Thit Media မှ အများပြည်သူများ အထင်မှားအောင် လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေစိုက်နေထိုင်လျက်ရှိတဲ့ စစ်တွေမြို့အား AA အဖွဲ့များက ပေါက်တောမြို့၊ တောင်ဖူးရွာကနေ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် ဈေးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁၄ ဦး သေဆုံးခဲ့ကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ AA အဖွဲရဲ့ ယုတ်မာတဲ့လုပ်ရပ်ကို Khit Thit Media နှင့် DVB တို့မှ အမှန်မရေးဘဲ အများပြည်သူများ အထင်အမြင်လွဲမှားစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပုတ်ချ၍ အောက်တန်းကျစွာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ ချောင်းဦးမြို့အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ချောင်း မြောင်းပြီး မိုင်ဆွဲတိုက်ခိုက်ခဲ့သဖြင့် ရဲ ၂ ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ မတ္တရာမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ချောင်းမြောင်းပြီး မိုင်ဆွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သော်လည်း Ayeyarwaddy Times မှ ဖြစ်စဉ်ကို ပုံကြီးချဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံးတယ်ဟု လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ကလေးမြို့နယ်၊ ခိုင်းကမ်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ CNA/ PDF ၄ လောင်း၊ သေနတ် ၂ လက်၊ ဦးထုပ် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ခြင်းကို Ayeyarwaddy Times မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားစေရန် အပုတ်ချကာကာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ မင်္ဂလာဒုံမြို့နယ် သင်္ကန်ကျွန်းကြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မည်သည့်ဆိုင်ကိုမှ ချိတ်ပိတ်ခြင်းမရှိပါဘဲ RFA မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားစေရန် အပုတ်ချကာ အောက်တန်းကျစွာရေးသားထားခြင်းသာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ မံစီမြို့နယ်၊ သံတံတားကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA/ PDF အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ ခဲယမ်း အမ်-၂၂ ကျည် ၂၅ တောင့်၊ စကားပြောစက် ၁ လုံး၊ ကျည်ကာ ဦးထုပ် ၂ လုံးနှင့် ကျည်အိမ် ၁ ခုတို့ သိမ်းဆည်းရရှိခဲ့သဖြင့် KIA/ PDF များ အထိနာဆုတ်ပြေးသွားရတာကို DVB မှ ဗြောင်လိမ်ပြီး အများပြည်သူများ အထင်အမြင်လွဲမှားစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို ပစ်သတ်တယ်လို့ အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ ယင်းမာပင်မြို့နယ် ရဲစခန်းနဲ့ ခရိုင်ရုံးတို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိသော်လည်း မြေလတ်အသံမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၅ ဦး သေဆုံးတယ်ဟု မဟုတ်မဟတ် လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။ #Crd