နမခတိုင်းမှူး ဖမ်းဆီးထိန်းသိမ်းခံရတယ်ဟု မြေလတ်အသံ မှ သတင်းအတုရေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် နေပြည်တော်ကို အရေးပေါ် ဆင့်ခေါ်ခံရလို့ ဇွန်လ ၁၂ ရက်မနေ့နေ့လယ် ၃ နာရီဝန်းကျင်က ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ရတယ်လို့သိရပါတယ်။ နေပြည်တော်ကို ခေါ်ဆောင်ခံရတဲ့ နမခ စစ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို လက်ရှိမှာ စစ်တပ်က နေပြည်တော်မှာဘဲ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မြေလတ်အသံ မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် သည် ဖမ်းဆီးထိန်းသိမ်းခံရခြင်းမရှိကြောင်း ယနေ့တွင် PDF အလင်းဝင် အခန်းအနားနဲ့ ဆေးရုံသို့ သွားရောက်၍လည်း ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါသည်။ မြေလတ်အသံ မှ ဇာတ်လမ်းဆင်၍ ဟာသတစ်ခုလို လိမ်ညာရေးသားထားတဲ့ သတင်းတစ်ပုဒ်သာဖြစ်ပါတယ်။