လုံခြုံရေးတပ်ဖွဲ့ဝင်များ တစ်အိမ်ထောင်လျှင် ၅၀၀၀၀ ကျပ် ကောက်ခံတယ်လို့ RFA မှ သတင်းအတုရေး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် သံဆိပ်အုပ်စုက ရွာငါးရွာမှာရှိတဲ့ ဒေသခံတွေ ဆီကနေ နိုဝင်ဘာလ ၁၁ ရက်မှာ (ခလရ- ၇၅) သံဆိပ်စခန်းက ဗိုလ်မှူးအဆင့်ရှိသူ ဦးဆောင်ပြီး တစ်အိမ်ထောင်ကို ကျပ်ငါးသောင်းစီ တောင်းယူသွားခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ သံဆိပ်အုပ်စုထဲက မင်းလမ်း၊ သံဆိပ်ရွာမ၊ မဲဇောင်း၊ ကမ်းနီနဲ့ ပန်းအင်းစတဲ့ ရွာငါးရွာက ဒေသခံတွေဟာ တစ်အိမ်ထောင်ကို ကျပ်ငါးသောင်းနှုန်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ငွေအပြည့်ပေးခဲ့ရတယ်လို့ RFA မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** နိုဝင်ဘာလ ၁၁ ရက်နေ့၌ ရွှေကျင်မြို့နယ် သံဆိပ်အုပ်စုတွင် သံဆိပ်စခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ ၅ ရွာမှ တစ်အိမ်ထောင်လျင် ကျပ်ငွေ ၅၀၀၀၀ ကျပ်ကောက်ခံခြင်းမျိုးမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ RFA မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အပုတ်ချရေးသားပြီး အများပြည်သူများ ရွံမုန်းလာအောင် လုပ်ဇာတ်ဆင်ကာရေးသားထားခြင်းသာဖြစ်ပါတယ်။