တရုတ်ဘိန်းခင်းတွေကို ပိုက်ဆံယူပြီး မဖျက်ပဲထားတဲ့ TNLA ကို ဒေသခံများဝေဖန်

TNLA သောင်းကျန်းသူတွေက လူမြင်ကောင်းအောင် ဘိန်းခင်းတွေကို ဖျက်ဆီးပြနေပေမယ့် တရုတ်လုပ်ငန်းရှင်တွေရဲ့ ဘိန်းခင်းတွေကိုတော့ ဖျက်ဆီးခြင်းမပြုဘဲ သိန်းထောင်ချီယူကာ မျက်နှာလိုက်ပြီး လုပ်ကိုင်ထုတ်ယူခွင့်ပြုနေတာကြောင့် ဝေဖန်ခံနေရတယ်လို သိရပါတယ်…

TNLA သောင်းကျန်းသူတွေက ကိုယ့်နိုင်ငံဖွား တိုင်းရင်းသားတွေကိုသာ နလန်မထူနိုင်အောင် အမျိုးမျိုး နှိပ်ကွပ်ညှဉ်းဆဲတာတွေ လုပ်နေသလို သူတို့ ပိုက်ဆံယူလုပ်ကိုင်နေတဲ့ တရုတ်ရဲ့ စီးပွားရေးတွေ၊ လုပ်ငန်းတွေကိုတော့ လက်ဖျားနဲ့တောင် မထိရဲဘူးလို့ သိရပါတယ်။ အကြမ်းဖက်တွေကို ထောက်ခံခဲ့မိတဲ့ ဒေသခံတွေရဲ့ ကံကြမ္မာလေလား..