NLD အမာခံနေအိမ်မှ PDF တစ်ဦးနှင့် သေနတ် ၂ လက် ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၆ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ NLD အမာခံနေအိမ်မှ PDF တစ်ဦးနှင့် သေနတ် ၂ လက် ဖမ်းဆီးရမိကြောင်း သိရပါတယ်။

ဖြစ်စဉ်တွင် ဒေးဒရဲမြို့နယ်၊ ကျပ်ဆင်ပျိုအုပ်စု၊ ကျိတ်တောရွာနေ ကိုနိုင်ဝင်းဆွေ‌ နေအိမ်မှ သေနတ်အတို ၁ လက်၊ အရှည် ၁ လက်နှင့် ၎င်းအပါအဝင် PDF ကျား ၃ ၊ မ ၁ ဦး၊ ပေါင်း ၄ ဦးတို့ဖမ်းဆီးရမိခဲ့ပြီး ကဝက်ချောင်းကျေးရွာရှိ PDF ၁ ဦးထံမှ RPG တစ်လက် Drone တစ်စင်းနှင့် ဆက်စပ်ပစ္စည်းများကို ယမန့်နေ့က သိမ်းဆည်းရမိခဲ့ပြီး၊ အဆိုပါ ကွင်းဆက်အရ ယနေ့ မနက်ပိုင်းတွင် ဒေးဒရဲ့မြို့၊ အမှတ်(၁)ရပ်ကွက်၊ စပါယ်လမ်းတွင်နေထိုင်သည့် NLD အမာခံ PDF ၁ ဦး‌၏ နေအိမ်မှ သေနတ် ၂ လက်ဖမ်းဆီးရမိခဲ့ရာ သားအမိနှစ်ဦး အနက်မှ သားဖြစ်သူကိုဖမ်းမိ ကြောင်း မိခင်ဖြစ်သူမှာထွက်‌ပြေးလွတ်မြောက်နေသေးကြောင်း၊ ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိပါတယ်

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ အား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါတယ်

PAN