ကျောင်းထိုင် ဆရာတော်နှင့် ကပ္ပိယတို့အား PDFများကသတ်ဖြတ်

ဖေဖော်ဝါရီ ၅ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် PDF အကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကန်တောင် ကျေးရွာရှိ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယ တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မလှိုင်မြို့နယ်၊ သရက်ကန်တောင် ကျေးရွာ၊ မဟာဒက္ခိဏရာမကျောင်းတိုက်၌ သီတင်းသုံးနေထိုင်လျက်ရှိသည့် ကျောင်း ထိုင်ဆရာတော် ဉူးဝိသူရ၊ သက်တော် ၃၃ နှစ်၊ ဝါတော် ၁၄ ဝါ နှင့် ကပ္ပိယဖြစ်သူ ဦးစန်းမောင် တို့ ၂ ဦးအား PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် ဆရာတော်နှင့် ကပ္ပိယဖြစ်သူတို့အား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများအနေဖြင့် မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို ယခုကဲ့သို့ သတ်ဖြတ် နေမှုများအား ပြည်သူတစ်ရပ်လုံးမှ ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်း သတင်းရရှိ သည်။

#PAN