ဖေဖော်ဝါရီလ ၆ ရက် ကောလင်းတိုက်ပွဲသတင်း

-အကြမ်းဖက်နှိမ်နင်းရေးအတွက် တပ်ရင်းများနှင့် ဖွဲ့စည်းထားသည့် လုံခြုံရေးစစ်ကြောင်းများ ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်စစ်စတင်လျက်ရှိရာ ဖေ ၅ ရက် နေ့လည်ပိုင်းတွင် ကောလင်းမြို့အနီးရှိ ကြို့ခုံရွာ၊ ဇီးခုံရွာ၊ ညောင်ပင်သာရွာများတွင် KIA၊ PDF ပူးပေါင်းအဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မိမိဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး KIA၊ PDF တပ်ရင်း ၂ မှ ခွဲမှူးအဆင့်ရှိ ဇော်မျိုးထွန်း(လယ်ရင်းတဲ) အပါအဝင် ၄ ဦး သေဆုံးခဲ့။

-ဖေ ၆ ရက် သတင်းများအရ ကောလင်းမြို့အနီးရှိ အင်ဘုတ်ကုန်းရွာ၊ ပေကုန်းရွာများရှိ PDF စခန်းကုန်းများအား လုံခြုံရေးတပ်ရင်းများက တိုက်ခိုက်သိမ်းပိုက်ပြီး ဝန်းကျင်အား ရှင်းလင်းဆဲဖြစ်။

-အတည်ပြုဆဲသတင်းများအရ ကောလင်းမြို့ကို ထိန်းချုပ်ထားသည့် KIA အဖွဲ့မှ ခေါင်းဆောင်ပိုင်းတစ်ချို့သည် ကောလင်းမြို့အတွင်း ကောလင်းနယ်မြေခံ ပကဖနှင့် PDF များအား လက်နက်၊ ခဲယမ်းအင်အား ဖြည့်တင်းပေးပြီး ခုခံတိုက်ခိုက်ရန် စီမံပေးကာ ထီးချိုင့်-ကသာဘက်သို့ ရှောင်တိမ်းသွားကြောင်း သိရ။