ဖလံအိုကျေးရွာအနီး အကြမ်းဖက်များ၏လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကျေးရွာများအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြိမ်းခြောက် အကြပ်ကိုင်လျက်ရှိကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ ဩဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ပခုက္ကူမြို့နယ်  ဖလံအိုကျေးရွာအနီး လုံခြုံရေးအဖွဲ့များ တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်များနှင့် ထိတွေ့မှုဖြစ်ပြီး-

လက်လုပ်သေနတ်အရှည် ၂ လက်၊

လက်လုပ်ပစ္စတို ၁ လက်၊

၁၂ ဗို့ကျည် ၆၀ တောင့်၊

လက်လုပ်မိုင်း ၂ လုံး၊

ပြောက်ကျားဉီးထုပ် ၁ လုံး၊

ပြောက်ကျားအင်္ကျီ ၁ ထည်၊

ဆိုလာ ၁ ချပ်၊

အိုင်ကွန် အားသွင်းခုံ ၁ ခု၊

ဖုန်း ၁ လုံး၊

၅.၅၆ ကျည် ၃ တောင့်၊

၉ မမကျည် ၂ တောင့်၊

Receiver ၂ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ် ၁ ခုတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။