အလှူခံပုံးရိုက်ခွဲပြီး အလှူငွေများ ခိုးသွားသည့် သူခိုးကို ဖမ်းမိပြီ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ကျောင်းကြီးစုရပ်ကွက်ရှိ စူဠာမဏိဘုရားအတွင်းမှ အလှူခံပုံးကို ရိုက်ခွဲပြီး အလှူငွေများ ခိုးယူသွားသည့် တရားခံသူခိုးဖြစ်သူကို ဖမ်းဆည်းရမိပြီဖြစ်ကြောင်း သိရသည်။

ယင်းသူခိုးသည် ယမန်နေ့ (ဇွန်လ ၁၂ ရက်)တွင်အလှူခံပုံးကိုရိုက်ခွဲကာ အလှူငွေများ ခိုးယူသွားခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူတစ်ဦး၏ သတင်းပေးမှုအရ စီစီတီဗီ မှတ်တမ်းမှတစ်ဆင့် ပြန်လည်ကြည့်ရှုပြီးနောက် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။

ထို့ အလှူငွေများ ခိုးသွားသည့် သူခိုး (အမျိုးသား)ကို တောင်ကြီး့၊ သစ်တောရပ်ကွက်၊ အရှေ့့ပတ်လမ်းပေါ်၌ ခိုးယူသွားသည့် အလှူငွေ ၂ သိန်းခွဲကျော်နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။