ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဘူတာရုံအနီးတွင် PDF အလောင်း ၁လောင်းရရှိ

ဒီဇင်ဘာလ ၂၃ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်တွင်ရှိ ဘူတာရုံအနီး
နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် လုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာသူ ၁ ဦးအား
တွေ့ရှိ၍ စစ်ဆေးရန်ခေါ်စဉ် လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားသဖြင့် လုံခြုံရေးအဖွဲများမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ
PDF အလောင်း ၁လောင်းအား အထောက်အထားများနှင့်တကွ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။