ပခုက္ကူမြို့၊ မြို့စိုးကျေးရွာအနီးလက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

မနေ့က နံနက် ၁၁ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာအနီးတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ၎င်းကျေးရွာအနီးတဝိုက်တွင် လှည့်ကင်းဆောင်ရွက်နေစဉ် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်ရန် ပြုလုပ်ထားသော PDF များ၏
👉- လက်လုပ်စိန်ပြောင်း ပစ်စင် ၁ ခု
👉- လက်လုပ်ရှော့တိုက်စိန်ပြောင်း ၁၈ လက်
👉- သံကိုယ်ထည် လက်လုပ်ရှေ့ထွက်မိုင်း ၈ လုံး
👉- ပလပ်စတစ်ပုံးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁၄ လုံး
👉- PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ လုံး
👉- တုံကင်ကိုယ်ထည်မိုင်း ၁ လုံး
👉- သံကိုယ်ထည် စလစ်အိုး လက်လုပ်မိုင်း ၆ လုံး
👉- မီးသတ်ဆေးဗူးဖြင့် ပြုလုပ်ထားသောမိုင်း ၂ လုံး
👉- သံချောင်းဖြတ်သည့်စက် ၁ ခု
👉- ထိတ်တုံး ၁ ခု
👉- သံတိုသံစ ၄ ပိဿာ
👉- NLD အလံ ၁ ခု
👉- ဆိုင်ကယ် ဘတ္ထရီအိုး ၁၀ လုံး
👉- လက်သမား Box ၁ လုံး
👉- သံတူရွင်း ၅ ချောင်း
👉- သံချောင်း ၁၀၀ ချောင်း
👉- ဝါယာကြိုးပေါင်းစုံ ၁၀ ပိဿာ တိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။