ဓါတ်ဘူးသယ်ရန် အမှတ်စဥ် တစ်

(၅)

   ဆရာသည် မန္တ​လေးသား ပီသစွာ စကား​ပြောကြွယ်ပြီး အသုံးအနှုန်း ယဥ်​ကျေးလှသည်။ အရာရှိ စစ်သည်များကို " လူ​လေး" ဟု​ခေါ်ပြီး အမျိုး သမီးများကိုမူ " လုံမ​လေး" ဟု ​ခေါ်​ဝေါ်ပါသည်။

   "ဒါက ဘာများထူးဆန်းလို့လဲ" ဟု​မေးစရာရှိပါသည်။ ခုလို လူ​လေးတို့ လုံမ​လေးတို့ ​ခေါ်တာက နန်းဆန်သလို ထင်ရ​ပေမဲ့ နာမည်တပ် ​ခေါ်ရာမှာ​တော့ ​ထော်​လော်ကန့်လန့် နိုင်သည်။

   အထူးသဖြင့် အရာရှိ စစ်သည် ဇနီးများ၏ အမည်ကို ​ခေါ်ရာတွင် ထူးဆန်း​နေသည်။ ဥပမာ.. ဗိုလ်ကြီး​အောင်​ကျော်ဦး၏ဇနီး မမြင့်မြင့်​ဝေ ကို မမြင့်မြင့်​ဝေလို့ နာမည်မ​ခေါ်ဘဲ " မ​အောင်​ကျော်ဦး" လို့ ​ခေါ်လိုက်ပါသည်။ 

   နိုင်ငံကြီးသားများ ​ခေါ်​ဝေါ်သုံးစွဲကြ​သော " မစ္စတာ ကလင်တန်" "မစ္စ ကလင်တန်" ပုံစံမျိုးနှင့်ပင် ဆင်တူ​နေ​သေး​တော့သည်။ အရာရှိ ဇနီးများကို ​တွေ့၍ နှုတ်ဆက်ပုံက...

   " မ​စော​မောင်တို့ မခင်​မောင်စန်းတို့ မခင်​မောင်ဝင်းတို့ မ​မောင်​မောင် သန်းတို့ မသုခတို့ လာကြ လာကြ ထိုင်ကြကွဲ့"

   လုံမ​လေးတို့ ထိုင်ကြဆို ​တော်ပြီ​ပေါ့။ ခုလိုနာမည်တပ် ​ခေါ်လိုက်​တော့ ကျွန်​တော်တို့ နားထဲ အဝင်ဆိုးလှသည်။ နာမည်​ခေါ်သံကြားတိုင်း ရင်​တွေ ယားသလို တင်​တွေယားသလို နွဲ့ပဲနွဲ့ရ​တော့မလို ဖြစ်သွားသည်။

   သို့​သော် ကြာ​တော့လည်း သူ့ဟာနှင့်သူ နားလည်ကြသည်။ အဆင် ​ပြေသွားကြပါသည်။

   တပ်ရင်းမှူးမှာ ဇနီးက မရှိ​လေ​တော့ သူ့နာမည်​ရှေ့က မ တပ်​ခေါ်စရာ မလိုတာလည်း ပါမည်ထင်ပါသည်။

×××××

   တပ်ရင်းဆန္ဒ​ဖော်ထုတ်ပွဲ အခန်းအနား ​အောင်မြင်စွာ ပြီးစီးသွားပါပြီ။ အခန်းအနား တစ်ခု ပြီးသည်နှင့် ​ရေခွက် ဓါတ်ဘူး လက်သုတ်ပဝါ စသည့် အသုံးအ​ဆောင်များကို ဘီရိုအတွင်း စနစ်တကျ ပြန်သိမ်းကြရသည်။ ဆရာ ချမှတ်ထား​သော စည်းကမ်းများထဲက တစ်ချက်ဖြစ်သည်။

   ဒီ​နေ့မှာ​တော့ အခြားအ​ရေးကြီးအလုပ်​တွေက ​ပေါ်လာသည့်အတွက် ရိပ်သာမှ ဆရာသာခင်နှင့်အဖွဲ့ကို တစ်​နေရာ ခိုင်းလိုက်မိလို့ ပစ္စည်းများ သိမ်:ရန် မမှာကြားခဲ့ရ။ ဆရာလိုက်မကြည့်ခင်​တော့ သိမ်းဆည်းဖို့ မှီလောက်ပါ တယ်​လေဟု ​တွေးမိသည်။

   " တပ်​ထောက်ဗိုလ်ကြီးနဲ့ တပ်​ရေးဗိုလ်ကြီးကို တပ်ရင်းမှူး​ခေါ်ပါတယ်"

   လာ​ပြော​သောဆက်သားကို ဆရာဘယ်မှာလဲဟု တီး​ခေါက်ကြည့်​တော့ ခန်းမဖက်သွားသည်ဆိုတာနှင့် သ​ဘော​ပေါက် သွား​လေပြီ။ မျက်ခုံးပင်ခပ်လှုပ်လှုပ် ဖြစ်သွားသည်။

   တပ်​ရေးဗိုလ်ကြီးကို ဝင်​ခေပြီး ခန်းမဆီသို့ ခပ်သုတ်သုတ် လှမ်းခဲ့ကြသည်။ ထင်ထားသည့်အတိုင်း..

   " လာကြ.. လူ​လေးတို့..ဒီမှာပစ္စည်း​တွေ မသိမ်းရ​သေးဘူးကွဲ့"

   စားပွဲ​ပေါ်တွင် ဓါတ်ဘူးနှစ်ဘူးနှင့် ခွက်များ။

   " ဟုတ်ကဲ့.. တပ်ရင်းမှူး.. ကျွန်​တော်လည်း ဆရာသာခင်တို့ ရိပ်သာ အဖွဲ့ကို အလုပ်တစ်ခု ခိုင်းလိုက်မိလို့ ​မေ့သွားတာပါ၊ အခုသိမ်းလိုက်ပါ့မယ်"

   ​ရေပက်မဝင်​အောင်​ပြောပြီး စားပွဲ​ပေါ်က ဓါတ်ဘူးကို လှမ်းယူမည်အလုပ်..

   " ငယ်ငယ်ရွယ်ရွယ်နဲ့ ​မေ့တတ်ကြတာပဲ၊ တပ်မ​တော်မှာ အ​သေးအဖွဲဆိုတာ မရှိဘူး လူ​လေးတို့၊ ခုလို ​မေ့သွားရင် ပစ္စည်း​တွေ ပျက်စီးကုန်မှာပေါ့.. ဒီ​​တော့..လူ​လေးတို့နှစ်​ယောက်က ဓါတ်ဘူး​တွေကို ကိုယ်တိုင်သိမ်းတော့မှ မှတ်မိသွားလိမ့်မယ်"

   နား​အေးရင်ပြီး​ရောဆိုသည့် ပုံစံနှင့် ကျွန်​တော်တို့ နှစ်​ယောက် စားပွဲဆီ ထွက်လာခဲ့သည်။

   " စစ်တပ်မှာ​​တော့ အရာအားလုံး စစ်​ရေးပြအတိုင်း လုပ်ကြရတယ်၊ ဒါ​ကြောင့်.. လူ​လေးတို့.. ဓါတ်ဘူး​နောက် အ​ပြေး..ရပ်"

   ကျွန်​တော်တို့နှစ်​ယောက် ဓါတ်ဘူးဆီ အ​ပြေးသွားလိုက်ကြသည်။

   စစ်တက္ကသိုလ်မှာ နည်းပြဆရာ လုပ်ခဲ့ဖူးသည့် ပိုး​​တွေကများ ထကြွလာ​လေသလား၊ စစ်​ရေးပြတစ်ခုကို အမှတ်စဥ် အ​သေးစိတ်နှင့် ​လေ့ကျင့်​နေသည့်အလား ​အောင်မြင်​သော စစ်မိန့်သံကြီး ထွက်​ပေါ်လာပါ​တော့သည်။

   " ဓါတ်ဘူးသယ်ရန် အမှတ်စဥ်..တစ်"

   " တစ်"

   ​ရှေ့ကသွား​တော့ ​နောက်ကပါရပြီ​ပေါ့။ ပါးစပ်ကလည်း​အော် လက်ကလည်း ဓါတ်ဘူးကို ကိုင်လိုက်ကြသည်။

   " အမှတ်စဥ်..နှစ်"

   " နှစ်"

    ဓါတ်ဘူးအား မလိုက်ကြသည်။

   " အမှတ်စဥ်..သုံး"

   " သုံး"

   ဓါတ်ဘူးအား ရင်ဘတ်​ရှေ့တွင်ထားကာ ဘယ်ညာမှန်မှန်နှင့် ဘီရိုရှိရာ သို့ ချီတက်လာပြီး ဘီရိုအတွင်း ထည့်လိုက်ကြသည်။

   " ဘယ်ညာ..ဘယ်ညာ"

   ဆရာ​ပေးလိုက်​သော သင်ခန်းစာ​လေးက ​ကြောင်​တောင်​​တောင်ဟု ထင်ရ​သော်လည်း တပ်မ​တော်တွင် တာဝန်ထမ်း​ဆောင်ခဲ့သည့် ​နေရာတစ် ​လျောက် ယခုကဲ့သို့ ပစ္စည်းများ သိမ်းဆည်းထားမှု မရှိသည်ကို ​တွေ့ရ​လေ တိုင်း ဆရာ့ကို သတိရသွားပြီး ဆရာခိုင်းခဲ့သလို ပြန်ပြီး လုပ်ကြည့်ချင် စိတ်များ ​ပေါ်လာပါ​​တော့သည်။