မြန်မာအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်မည့် အီရန်အမျိုးသမီးရောက်လာ

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီးဘောလုံး အာရှဇုန်ခြေစစ်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်မည့် အီရန်အမျိုးသမီး လက်ရွေးစင်အသင်း ရန်ကုန်မြိုသိုရောက်ရှိလာပါတယ်။

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီးဘောလုံး အာရှဇုန်ခြေစစ်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်မည့် အီရန်အမျိုးသမီး လက်ရွေးစင်အသင်းသည် ဧပြီလ ၂ ရက်နေ့၊ ညပိုင်းတွင် ရန်ကုန်မြိုသိုရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်ထံမှ သိရသည်။

ပွဲစဉ်ဇယားအရ အီရန်နှင့် မြန်မာတို့သည် နှစ်ကျော့ ယှဉ်ပြိုင်ရမည်ဖြစ်ကာ သရေရလဒ်များ ဖြစ်ပေါ်နေပါက ဂိုးကွာခြားချက်၊ အချိန်ပို၊ ပင်နယ်တီတို့ဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။

ပထမအကျော့ခြေစစ်ပွဲကို လာမည့် ဧပြီ ၅ ရက်၊ ညနေ ၄ နာရီတွင် စတင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်သလို ဒုတိယအကျော့ ခြေစစ်ပွဲစဥ်ကို ဧပြီ ၈ ရက်၊ ညနေ ၄နာရီတွင် ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပွဲစဉ်နှစ်ပွဲစလုံးကို သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။