နိုဝင်ဘာ ၁၈ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၁၇ ရက် ၁၀၃၀ နာရီတွင် ဆားလင်းကြီးမြို့၊ တုံကျေးရွာတွင်နေထိုင်သော ဦးမောင်ဇော်(ခ)ဦးဝင်းဇော်(၅၉)နှစ်၊ တောင်သူသည် နေအိမ်၌မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက်သမားများသည် လက်နက်ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦးမောင်ဇော်(ခ)ဦးဝင်းဇော်အား မေးမြန်းစရာရှိသည်ဟု ပြောဆိုကာ လက်ပြန်ကြိုးတုတ်၍ ကူးတို့ကုန်းကျေးရွာ အရှေ့တောင်ဘက် ဒေသအခေါ်(ညောင်ပင်စောက်ကျွန်း)ဘက်သို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၇ ရက် ၀၁၃၀ နာရီတွင် ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာနေ ဦးထွန်းထွန်းဝင်း(ခ)ကိုထွန်း(၅၃)နှစ်နှင့် ဇနီး ဖြစ်သူ ဒေါ်အေးအေးမာ(၅၁)နှစ်တို့သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ၈ ဦးမှ ဆိုင်ကယ် ၄ စီးဖြင့် ရောက် ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးထွန်းထွန်းဝင်း(ခ)ကိုထွန်းတွင် ယာနံရိုးကျည်ဖောက် ဝင်ဒဏ်ရာ(စိုးရိမ်ရ)၊ ဒေါ်အေးအေးမာတွင် ဦးခေါင်းကျည်ရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၇ ရက် ၁၅၃၀ နာရီတွင် ချောက်မြို့နယ်၊ စလေမြို့၊ ကြံ့ကန်ကျေးရွာနေ ဦးသိန်းဝင်း(၅၃)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်အဖွဲ့သမား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးသိန်းဝင်းတွင် ယာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာလ ၁၆ ရက် ၁၈၀၀ နာရီတွင် ညောင်လေးပင်မြို့နယ်၊ ညောင်ပင်ပေါက်ကျေးရွာတွင်နေထိုင်သော ဦးစောလွင်(၆၂)နှစ် သည် မဒေါက်မြို့ဘက်မှ နေအိမ်သို့ပြန်လာစဉ် နေအိမ်အနီးအရောက်၌ PDF အကြမ်းဖက် အဖွဲ့ဝင် ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဦးစောလွင်အား ဖမ်းဆီး၍ ကွင်းဒလလေးကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။