ဟားမတ်စ်စစ်သွေးကြွများ ပြန်ပေးဆွဲသွားသည့် အစ္စရေးတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့

ဂါဇာကမ်းမြောင်၏ အကြီးဆုံးဆေးရုံ အယ် လ်ရှီဖာနှင့် ကပ်လျက်တည်ရှိသည့် အဆောက် အအုံတစ်ခုတွင် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်စစ်သွေးကြွများ ပြန်ပေးဆွဲသွားသောအစ္စရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးတပ်မတော်က နိုဝင်ဘာ ၁၇ ရက်တွင်ကြေညာခဲ့သည်။

      အောက်တိုဘာ ၇ ရက်က ဟားမတ်စ် စစ် သွေးကြွများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ ရသော အစ္စရေးအရပ်သားတစ်ဦး၏ ရုပ်အလောင်းကို ပြီးခဲ့သည့်ရက်က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ အဆိုပါစစ်သား၏ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

       CBS News နှင့် အင်တာဗျူးတွင် အစ္စရေး ဝန်ကြီး ချုပ် နေတန်ယာဟုက ဂါဇာရှိအကြီးဆုံးဆေးရုံဖြစ်သော al-Shifa ဆေးရုံတွင် ဓားစာခံအချို့ကို ထိန်း သိမ်းထားကြောင်း မိမိတို့တွင် ခိုင်လုံသော အထောက် အထားများရှိသည်ဟု ပြောကြားခဲ့သည်။

       ဟားမတ်စ်အဖွဲ့နှင့် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ တို့က ၎င်းဆေးရုံကို လက်နက်သိုလှောင်ရာ နေရာအဖြစ် အသုံးပြုသည်ဆိုသည့်အချက်ကို ငြင်းဆိုထားသော် လည်း ၎င်းဆေးရုံသည် စစ်ရေးလက် နက် သိုလှောင်ရုံဖြစ်ကြောင်း အစ္စရေးက အခိုင် အမာပြောကြားခဲ့သည်။

      ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့ ဝင်များက ထိုးစစ်ဆင်မှုများကို ညလုံးပေါက် ဆက်လက်လုပ်ဆောင်နေပြီး ပါလက်စတိုင်း နယ်မြေအတွင်းရှိ ပစ်မှတ်အများအပြားကိုလည်း တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။

       “အစ္စရေးတပ်မတော်သည် ဂါဇာကမ်းမြောင်ဒေသ အတွင်း ၎င်း၏ စစ်ဆင်ရေးများကို လုပ် ဆောင်မည်ဖြစ်ပြီး ဟားမတ်စ်အဖွဲ့၏ စစ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီးပစ်မည်”ဟု အစ္စရေးတပ်မတော်စစ်ဦးစီးချုပ် HerziHaleviက ပြောကြား သည်။

      ဟားမတ်စ်အဖွဲ့က အောက်တို ဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ရာတွင် လူပေါင်း ၁၂ဝဝ ခန့် သေဆုံးခဲ့ပြီး ဓားစာခံ ၂၀၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် ၎င်းတိုက်ခိုက်မှုကို အစ္စရေးကလည်း လက်တုံ့ ပြန် တိုက်ခိုက်ခဲ့သည်။

      ၎င်းပဋိပက္ခအတွင်း လက်ရှိအချိန်အထိ ပါ လက်စတိုင်း ၁၁၅၀၀ ကျော် သေဆုံးခဲ့ပြီး ၂၉၀၀၀ ခန့် ဒဏ် ရာရခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်။