ပုသိမ်ကြီးမြိုနယ်၌ ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

 မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သယ် ဆောင်လာသည့် ဓာတုပစ္စည်းများ  သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

       မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ထုံးဘိုကျေးရွာအနီးတွင် မြစ်ငယ်မှ အုန်းချောဘက်သို့ ဇင်မင်းထွန်း မောင်းနှင်လာသော NISSAN DIESEL ၁၂ ဘီးယာဉ်နှင့် ချမ်းသူ မောင်းနှင်၍ ထွန်းလင်း လိုက်ပါလာသော HINO PROFIA ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါ ယာဉ်နှစ်စီးပေါ်တွင် ပီပါ ၁၄၂ လုံး၊ ပလတ်စတစ်ကော်ပုံး ၃၆ ပုံးတို့ဖြင့်ထည့်လျက် တရားမဝင် သယ်ဆောင်လာသည့် ငွေကျပ် သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိထိန်းချုပ် ဓာတု ပစ္စည်း Hydrochloric Acid လီတာ ၃၆၀၊ Sulphuric Acid လီတာ ၇၂၀ နှင့် အခြားဓာတု ပစ္စည်းများဖြစ်သည့် Benzene လီတာ ၁၃၆၈၀၊ Ethyl Acetate လီတာ ၁၁၅၂၀ တို့ကို  သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိ ဓာတုပစ္စည်းများအား မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ မူး ယစ်ဆေးဝါးထုတ်လုပ်ရန် သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက် လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN