ဂါဇာကမ်းမြောင်ရှိဆေးရုံတွင် လူနာ ၇၀ ရာခိုင်နှုန်းနီးပါး အောက်ဆီဂျင် ပြတ်လပ်၍ သေဆုံး

ဂါဇာကမ်းမြောင်ရှိ အယ်လ်ရှီဖာဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် လူနာ ၇၀ ရာ ခိုင်နှုန်းနီးပါးသည် ဆေးဘက်ဆိုင်ရာသုံး အောက်ဆီဂျင် ပြတ်လပ်သွားခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

        အထူးကြပ်မတ်ကုသဆောင်လူနာ ၆၃ ဦးအနက် ၄၃ ဦးသည် အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် သေဆုံးခဲ့ကြောင်း အယ်လ်ရှီဖာဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

        ဆေးရုံအတွင်း၌သာမက ဆေးရုံအပြင်ဘက်မှာပါ သေဆုံးသူအရေအတွက် မြင့်တက်လာကြောင်း ၎င်းဆရာဝန်က ဆက်လက်ပြောသည်။ အစ္စရေးတပ်ဖွဲ့၏ စစ်ဆင်ရေး ဆက်လက်ဆောင် ရွက်လျက်ရှိစဉ် အယ်လ်ရှီဖာဆေးရုံအပါအဝင် ၎င်းနှင့်အနီးတစ်ဝိုက်နယ် မြေများသည် စိုးရိမ်ရသော အခြေအနေတွင်ရှိသည်။

       အလားတူ နိုဝင်ဘာ ၁၂ ရက်တွင် ဂါဇာကမ်းမြောင်ရှိ အယ်လ်ရှီဖာဆေးရုံတွင် မွေးကင်းစကလေးငယ်များ အပါအဝင် လူနာ ၃၄ ဦးသည် ဆေးရုံတွင် အသုံးပြုသည့် လောင်စာဆီပြတ်လပ်သွားသည့် အတွက်သေဆုံးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

      အဆိုပါဆေးရုံတွင် ဟားမတ်စ်အဖွဲ့၏အဓိက အခြေစိုက်စခန်းတစ်ခုရှိကြောင်း အစ္စရေးတပ်ဖွဲ့က အခိုင်အမာပြောကြားပြီး ဆေးရုံကို ဝင်ရောက် စီးနင်းခဲ့သည်။

#PAN