PDF တစ်ဦးကို သေနတ် ၂ လက်နဲ့အတူ ထိုင်းစစ်တပ်က ဖမ်းမိ

PDF အကြမ်းဖက်အုပ်စုထဲကလို့ ယူဆရတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို သေနတ် (၂) လက်နဲ့အတူ ထိုင်းစစ်တပ်က မဲဆောက်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် သတင်းတွေအရ သိရပါတယ်။

တရားမဝင် လက်နက်ကိုင်ဆောင်ထားတဲ့ အဲဒီမြန်မာနိုင်ငံသားကို ဖေဖော်ဝါရီ ၂၇ ရက်၊ ည ၇ နာရီခွဲအချိန်ခန့်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မြဝတီ- မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတား မဲဆောက်ဘက်ခြမ်းမှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်က မသင်္ကာလို့ စစ်ဆေးရာကနေ ၎င်းရဲ့လွယ်အိတ်ထဲက ပစ္စတိုသေနတ် ၂ လက်နဲ့ ကျည်ဆံ ၃၃ တောင့်တိုကို တွေရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။ #Crd