ထိုင်းဘုရင်စနစ်ကိုဝေဖန်စော်ကားသူကို ထောင်ဒဏ်နှစ် ၅၀ ချမှတ်

ဇန်နဝါရီ ၁၈ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့က အယူခံတရားရုံးတစ်ခုမှာ ဘုရင်စနစ်ကို ဝေဖန်စော်ကားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အသက် ၃၀ အရွယ် မွန်ကော်လ် သီရာကော့တ်က သူ့ရဲ့ ကိုယ်ပိုင် Facebook အကောင့်မှာ တင်ခဲ့တဲ့ပိုစ် ၂၇ ခုအတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၅၀ ချမှတ်ခံလိုက်ရကြောင်း သိရပါတယ်။ ထောင်ဒဏ်နှစ် ၅၀ ဟာ နိုင်ငံတော်ရဲ့တင်းကျပ်တဲ့ တော်ဝင်စော်ကားမှုကို အရေးယူတဲ့ ဥပဒေတွေအောက်မှာ အကြာဆုံးထောင်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ ဥပဒေဆိုင်ရာအဖွဲ့တစ်ခုက ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။