အာဆီယံရေတပ်ပူးတွဲစစ်ရေးလေကျင့်မယ့်နေရာအပြောင်းအလဲကို အင်ဒိုနီးရှား ထပ်မံကြေညာ

အာဆီယံရဲ့ပထမဆုံး ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မယ့်နေရာကို အင်ဒိုနီးရှားက တောင်တရုတ်ပင်လယ်နဲ့ အလှမ်းဝေးတဲ့နေရာတစ်ခုသို ပြောင်းရွှေ့လိုက်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမှာဖြစ်ပြီး မူလစီစဉ်ခဲ့တဲ့နေရာအပေါ် တရုတ်အပါအဝင် နိုင်ငံအချိုက ရေကြောင်းပိုင်နက်စောဒကတက်မှုတွေနဲ့ ကြုံခဲ့ရလို အခုလို နေရာပြောင်းလိုက်ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားစစ်တပ်ရဲ့ကြေညာချက်အရ သိရပါတယ်။