သြစတြေးလျမှာ ဝေလငါးအကောင် ၅၀ ကျော် အစုလိုက်အပြုံလိုက် သောင်တင်ပြီး သေဆုံး

သြစတြေးလျနိုင်ငံ အနောက်ဘက်က ကမ်းခြေတစ်ခုမှာ မနေ့ညက ဝေလငါးတွေ သောင်တင်မှုဖြစ်ပွားခဲ့ပြီးနောက် ဝေလငါး ၅၁ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။သြစတြေးလျအနောက်ပိုင်းက ပါ့သ်မြိုရဲ့အရှေ့တောင်ဘက် ကီလိုမီတာ ၄၅၀ (မိုင် ၂၈၀) အကွာမှာရှိတဲ့ Cheynes ကမ်းခြေအနီးမှာ ဝေလငါးအကောင်ရေ ၁၀၀ ခန့်ဟာ မနေ့က ကူးခတ်သွားလာနေခဲ့ကြပြီး သူတို့ကို ပင်လယ်ထဲကိုပြန်သွားဖို့ ရေကြောင်းကျွမ်းကျင်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေက အစောပိုင်းက ကြိုးပမ်းခဲ့ကြပေမဲ့ အဲ့ဒီနောက်မှာ ဝေလငါးတွေက ကမ်းခြေတစ်ခုလုံးနီးပါးအထိ ပြည့်နှက်လာခဲ့တယ်လို့သိရပါတယ်။ ဘာကြောင့်သေဆုံးရလဲဆိုတာတော့ ယနေ့အချိန်ထိ မသိရသေးပါဘူး။